ဇာတ်ကြောင်းဖတ်ကြည့်တော့နားလည်
အောင်ပြေရရင် သူဝင်ထားတဲ့ကိုယ်ကစရမှာဘဲသူဝင်ထားတဲ့ကိုယ်ရဲ့နာမည်ကပုံနရိတ်ဖြစ်
ပြီး မိခင်ဖြစ်သူကငယ်ငယ်ထဲကဆုံးသွားတာ
ကြောင့် မိထွေးနဲ့နေရသည်။မိထွေးမှာကသူနဲ့
ရွယ်တူ ရှင်းငွေ့လုံဆိုတဲ့သားတစ်ယောက်ရှိ
ပြီး ထိုလူကတော့ဒီကမ္ဘာရဲ့ဇာတ်လိုက်မဖြစ်
သည်။ရှင်းငွေလုံကကျန်းမာရေမကောင်းတာ
ဖြစ်ပြီးရိုးတွင်းချဉ်စီလဲရန်လိုအပ်လာသည်။
သူနဲ့ကိုက်ညီတဲ့သူကတော့ ပုံနရိတ်ရဲ့ချဉ်စီ
ဖြစ်ပြီး ပုံနရိတ်ကလဲ အသက်မပြည့်သေးတာ
ကြောင့်ယူလို့မရသေးပေ။ပုံနရိတ်တွင်ငယ်ချစ်ဦးတစ်ယောက်ရှိသည်။ထိုလူက သူတို့အိမ်ကိုခနလာလည်သည့် ရေမြေ့သခင် ဒီကမ္ဘာရဲ့ဇာတ်လိုက်ဖြစ်သည်။သူတို့နှစ်ယောက်ဟာနာမည်မသိကြပေမယ့် ခနလေးနဲ့ရင်းနှီးသွားပြီးကြီးလာရင်လက်ထပ်ရန်ကတိပေးခဲ့ကြသည်။အရွယ်ရောက်လာတော့ ဇာတ်လိုက်က ကတိတိုင်း အိမ်သို့ထပ်ရောက်လာပေမယ့် မိထွေးကပုံနရိတ်နေရာတွင်သူမသားကိုအစားထိုးထည့်လိုက်သည်။ရေမြေ့သခင်ကအစပိုင်းမယုံပေမယ့် ဇာတ်လိုက်မရဲ့ချွဲ့နွဲ့မှူအောက်တွင်ကျရှုံးကာချစ်မြတ်နိုးခဲ့သည်။ပုံနရိတ်က ပြောပြချင်ပေမယ့်ရှင်းငွေ့လုံကသူ့အမေတိုင်
အကျင့်ယုတ်ကာ ရေမြေ့သခင်ထံသို့ ပုံနရိတ်ကသူ့အားအနိုင်ကျင့်ကြောင်းသွေးထိုးခဲ့သည့်အပြင်သူ့ကိုရိုးတွင်းချဉ်စီမပေးချင်လို့ အဟာရမပြည့်
အောင်နေသည်ဟုဆိုကာပြောခဲ့သည်။ရေမြေ့သခင်က ပုံနရိတ်အားမုန်းပေမယ့်ရိုး
တွင်းချဉ်စီရရန်ချဉ်းကပ်ခဲ့သည်။ဒါတွေအားလုံး
ကိုသိနေတဲ့ ပုံနရိတ်ကလဲ မသိချင်ယောင်ကာ
ဆောင်ကာလက်ခံခဲ့ပြီး ဇာတ်လိုက်ရဲ့အနမ်းဦး
ကိုလဲသူအရယူခဲ့သည်။ပြီးမှသာရေမြေ့သခင်
ကျေနပ်အောင်ရိုးတွင်းချဉ်စီထုတ်ပေးခဲ့သည်။
ကျန်းမာရေးမကောင်းတဲ့လူဖြစ်တာကြောင့်
အသက်သေဆုံးခဲ့ရသည်။ပုံနရိတ်သေဆုံးပြီး
မကြာခင်ဘဲ ဇာတ်လိုက်နှစ်ယောက်မင်္ဂလာဆောင်ခဲ့သည်။တစ်နေ့ရေမြေ့သခင်က
ပုံနရိတ်ရဲ့အခန်းထဲကဝင်ကြည့်ရင်းမှ ဒိုင်ယာရီ
စာအုပ်ဖတ်မိကာသူလူမှားချစ်ခဲ့မှန်းသိပြီး
နောင်တရခဲ့သည်။ဟိုသားမိရဲ့ယုတ်မာမှူတွေကို
လဲ သိသွားတာကြောင့် ဇာတ်လိုက်မနဲ့ကွာရှင်းကာနိုင်ငံခြားသို့အပြီးထွက်သွားခဲ့သည်။
YOU ARE READING
System Hobi (Completed)
RomanceVmin (owncreation) Starting -4.12.2021 Ending-9.2.2022 တစ်စုံတစ်ရာ တိုက်ဆိုင်သွားရင်စားရေးသူရဲ့ အမှားပါ။ မကျေနပ်တာများရှိလာရင်စာရေးသူကို တိုက်ရိုက်လာရောက်ပြောကြားနိုင်ပါသည်။ လူထဲကလူဘဲမို့ အသုံးနှုန်းအနည်းငယ်တူနိုင် သည်။ တစ်စံုတစ်ရာတိုက်ဆိုင်သွားရင်...