part 7.4

7.2K 669 30
                                    

A city ရောက်တာနဲ့ မျက်လုံးအားခွဲစိတ်ပြီး
တစ်ပတ်အကြာတွင် ပီတာရဲ့အမြင်အာရုံဟာ
ပြန်ကောင်းလာခဲ့သည်။

"လောလောဆယ်တေါ့နေကာမျက်မှန်တပ်
ထားပါ"

"ကျေးဇူးတင်ပါတယ် ဒေါက်တာ"

"မလိုပါဘူး ငယ်ငယ်ထဲကမမြင်ရတာဆိုတော့
နဲနဲခက်ခဲ့တယ် TV တွေတော့မပေးကြည့်နဲ့အုံး"

ဆရာဝန်ထွက်သွားမှ ဒီမွန်က ပီတာနားဝင်
ထိုင်လိုက်သည်။

"ဘယ်လိုလဲ ကိုယ်ချောလား"

"အင်း "

"ဟက်...လမ်းလျောက်ချင်လား ဒီဆေးရုံမှာ
ကိုယ့်မိတ်ဆွေရှိတယ် သူ့ကောင်လေးကိုမာ
ဝင်နေတာ"

"...."

(Hobi အဲ့ဒါဇာတ်လိုက်လား)

(ဟုတ်ပါတယ် host သူတို့ကငယ်သူငယ်ချင်း
တွေပါ)

(ဝါးး.မထင်ထားဘူး)

သူတို့နှစ်ယောက်လဲအခန်းထဲကထွက်ပြီးဆေးရုံ
ရဲ့VVIP ထပ်ကိုတက်သွားလိုက်သည်။အခန်း
တစ်ခုရှေ့အရောင်တံခါးအားခေါက်ပြီးအသာ
ဖွင့်ဝင်တော့အခန်းထဲတွင် ဇာတ်လိုက်လို့ထင်
ရသည့် လူတစ်ယောက်က ကုတင်ပေါ်က
အကောင်သေးသေးလေးရဲ့လက်ကိုကိုင်ကာ
သူတို့အားမော့ကြည့်လာသည်။

"ဒီမွန် မင်းလမ်းပြန်လျောက်နိုင်ပြီး! "

"ဟုတ်တယ် ငါ့အချစ်လေးရဲ့ကျေးဇူးကြောင့်
ပေါ့ ဒါနဲမင်းကောင်လေးအခြေနေဘာထူးလဲ"

" မထူးသေးဘူး"

(Hobi ငါကုပေးနိုင်မလားသူ့ကို)

(ဖြစ်နိုင်ပါတယ် စမ်းကြည့်လေ သေသွားလဲ
Host စောစောအသတ်ခံရတာပေါ့)

(😒)

"ကျတော် သူသတိရလာအောင်ကုပေးမယ်"

ပီတာရဲ့စကားကြောင့် ဒီမွန်နဲ့ဂျိမ်းကသူ့အား
ကြည့်လာသည်။ဒီမွန်က

"ငါအာမ ခံတယ် မင်းစမ်းကြည့်သင့်တယ် ဂျိမ်း"

"ကောင်းပြီး စမ်းကြည့်ပေါ့"

" မနက်ဖြန်စမယ် ကျတော်တို့မလာခင် သူ့
အဝတ်တွေအကုန်ချွတ်ပေးပါ "

System Hobi (Completed)Where stories live. Discover now