Part 22🍂Unicode

Start from the beginning
                                        

"သား သားလေးနေပါဦး ဘာလို့လဲ?
အကြောင်းပြချက် ပြောဦးလေ မေတို့ကိုလည်း"

"မသိလို့ မေးနေကြတာလား?"

**သူ့ဆိုလိုရင်းကို  ကိုယ်သိပြီထင်တယ်**

"Jungkook~ka"

"ဟင်.... အင်း..."

"ကိုယ် အကောင်းအတိုင်း ပြန်ဖြစ်နေပြီလေ
စိတ်ပူစရာ မလိုတော့ဘူး
မင်းလည်း ရှိနေမှာဘဲ
တစ်ယောက်တည်းမှ မဟုတ်ဘဲ
အဲ့အိမ်မှာနေလို့လည်း ကိုယ့်စိတ်ကူးပုံရိပ်က ပေါ်လာတော့မယ် မထင်ဘူး
မင်း ...မင်းကိုယ်တိုင်က ဘေးမှာရှိနေပြီလေ"

"အဲလိုကနေ ပြန်ဖောက်သွားရင်
ကျွန်တော် ဘယ်လိုလုပ်ရတော့မလဲ?"

"Jungkook~ka"

"ဟင့်အင်း အဆောင်ဘဲနေကြရအောင်ပါဗျာ"

လက်စသတ်တော့ Jungkookလေးက
သူ့သားတော်မောင်လေးကို ပြန်ဖောက်သွားမှာ
စိုးရိမ်နေသည်ကိုး....
ဒီကလေးတွေနှယ် !!

"Jimin သား အမေလည်း
Jungkookလေးပြောတာကို
သဘောတူတယ်
စိတ်ချရတာထက် ပိုစိတ်ချရတာပေါ့"

"ဖေကြီးလည်း အတူတူဘဲ သား
Jungkookပြောသလို နေကြည့်ပါ့လား?
တစ်နှစ်လောက် ဖြစ်ဖြစ်ကွာ..."

"ပြောရရင် သားက ဘယ်နေရနေရ အဆင်ပြေပါတယ်
ပိုအကုန်အကျများမှာကို ပြောပြတာပါ"

"ပူမနေနဲ့ အဲတာကို
ပညာတတ်ဖြစ်ရင်ကို
ကုန်ရကျိုးနပ်တယ်"

"ဟုတ်ပါပြီလို့ တကယ်ပါဘဲ..
နေမယ် နေမယ် အဆောင်ဘဲ"

နှုတ်ခမ်းဆူနေသော Jiminကြောင့်
အကုန်လုံး ရယ်ပွဲကျကုန်သည်။
အဆောင်ကိစ္စ၊သွားရေးလာရေး
အကုန်အစုံ ညှိနှိူင်း တိုင်ပင်အပြီးမှာတော့

"ဟို....ပြီးတော့လေ"

"ပန်းချီဆရာ
ဘာပြောစရာကျန်သေးတာလဲ? ဟင်?"

"ဟို....ကျွန်တော် အရင်ဆုံး တောင်းပန်ပါတယ်"

".........."

ဒူး၂ဖက်ပေါ် တင်ထားသော
လက်များက တင်းတင်းဆုပ်လျက်
ခေါင်းကိုလည်း ငုံ့ထားသည်

"ကျွန်တော်တို့ ၂ယောက်ကို မသွားခင်
စေ့စပ်ပေးလိုက်လို့ မရဘူးလား?"

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now