" အဲ့အဖိုးကြီးကစွမ်းအားကြီးပေမယ့် ကောင်းကင်ဘုံကအစွမ်းနဲ့နတ်ဆိုးစွမ်းအင်ပေါင်းလိုက်
တာကြောင့်သူ့ပေါ် အကျိုးသက်ရောက်မှူ
ကောင်းမှာမဟုတ်ဘူး ဟိုမိန်းမကလဲ အခု
ပျောက်နေတယ်"

" အော် "

တစ်ပတ်အကြာ...

ဗြောင်အန်နာတစ်ယောက် အကျဉ်း
ခန်းထဲကလွတ်တာနဲ့ နတ်ဆိုးအဖိုးကြီးကသူမ
အား ကောင်းကင်ဘုံနဲ့လူ့ပြည်အလွှာကြားက
နေရာကိုပို့ထားလိုက်သည်။

" တောက်! ဒီအဖိုးကြီးငါ့ကိုလှည့်စားရဲ့တယ်
ဟက် ငါကလဲမရောက်ရောက်အောင်ပြန်လာ
မယ် "

အန်နာက အစွမ်းမရှိတော့ပေမယ့် သူမအဖေ
ပေးခဲ့သည့်စွမ်းအင်သိုလှောင်ထားတဲ့လက်စွပ်
ကိုအသုံးပြုကာ ကောင်းကင်ဘုံထဲခိုးဝင်လိုက်
သည်။ ပြီးနောက် ဂျီမင်းရှိရာအာရုံခံပြီးသည်နှင့်
ထွက်လာလိုက်သည်။

" Hobi ဗိုက်တစ်လုံးနဲ့သိပ်မရွနဲ့"

" ဟွန့် ကလေးလေးရေ ကိုကို့ကို သူပြောနေ
တယ်"

" ပါးပါး သားကိုကို ကိုမပြောနဲ့ ကိုကိုကပါးပါး
ရဲ့မြေးလေးတွေကိုလွယ်ထားတာနော် "

" ကျစ် ငါအဲ့ဂူကိုခေါ်သွားမိတာမှားတာဘဲ
ထယ် မပြောတော့ဘူးလား ကြည့်အုံးနေတဲ့ပုံ
စံတွေကိုက"

ထယ်ယောင်လဲ ဂျီမင်းပြောတာကိုပြုံးလိုက်
သည်။ပြောလဲပြောချင်စရာဘဲ Hobi ဆိုတာ
ထယ်ယောင်နဲ့ငယ်ပေါင်းတွေ အခုတော့
သားမတ်ပေါ့ hobiကသားဖြစ်သူအပေါ် တက်
ထိုင်ပြီးသားကလဲ ပူနေတဲ့hobi ဗိုက်ကိုပွတ်နေ
သည်။

" Hobi မင်းကလဲမင်းဘဲ လူကောင်နဲ့မှမလိုက်"

" ထယ်ယောင် မင်းလဲဗိုက်ကြီးဖူးတာဘဲ ဒီခံစား
ချက်ကိုစိမှာပေါ့ "

"ဟက် အေ့ပါကွာ ငါကိုကမှားတာ "

ထယ်ယောင်ကစကားပြောနေပေမယ့် ပတ်ဝန်း
ကျင်ကရတဲ့ သူစိမ်းနံ့ကြောင့် စူးစမ်းနေသည်။

"ထယ် ဟိုအဖိုးကြီးရော"

" သူ့ကိုဖမ်းထားတယ် စွမ်းအင်တွေကသူ့ထဲ
မှာပေါင်းနေတော့ ကိုယ့်အစွမ်းအချို့သုံးပြီး
ချိတ်ပိတ်ထားတယ် "

" တစ်ခါထဲသတ်လိုက်လို့မရဘူးလား"

"အဲ့လိုမဖြစ်ဘူး သူ့ထဲကအသွမ်းတွေတည်ညိမ်
မှသတ်လို့ရမယ် မဟုတ်ရင် ကိုယ့်ကိုပါထိခိုက်
နိုင်တယ် "

" အော် "

အကွယ်ကချောင်းနေသည့်အန်နာကတော့
ဂျီမင်းကိုမုန်းတီးစွာကြည့်နေသည်။

* နင်ပေါ်လာထဲက ငါ့ဘဝကကံဆိုးတာဘဲ
ပတ်ဂျီမင်း*

သူမထွက်သွားရန်ပြင်ချိန် ...

" ထင်သားဘဲမင်းဆိုတာ "

"ကင်ထယ်ယောင် "

" အဟင်း လာရဲသေးတယ်နော် မင်းကိုဟိုအဖိုး
ကြီးက နယ်မြေခြားမှာပို့ထားတာမလား
ဘယ်လိုပြန်ရောက်လာတာလဲ "

" ဒါကျမကိစ္ဏပါ"

" တစ်ခါထဲပြောလိုက်မယ် ငါချစ်ရတဲ့သူတွေ
ကိုတစ်ုခုကြံစည်မယ်ဆိုရင် မင်းဝိဉာဉ်အပျောက်
ဘဲနော်"

" ကျမက ကြံစည်နိုင်ပါ့မလား"

"ကောင်းကင်ဘုံကိုတောင်ပြန်ဝင်လာနိုင်သေး
တာဘဲ ငါထင်တာမမှားရင် မင်းလက်ကလက်
စွပ်ကြောင်မလား"

အန်နာသူမလက်အား နောက်ပစ်ကာဖွက်လိုက်
တာကြောင့်ထယ်ယောင်မဲ့ပြုံးပြီးကာ သူမအား
ကျောပေးပြီးထွက်သွားလိုက်သည်။

——

System Hobi (Completed)Where stories live. Discover now