ရုတ်တရက် နိုင်ငံခြားသွားပြီးပညာသင်ရမယ်တဲ့လား။
သိပ်သိတာပေါ့ ဟိခွန်နဲ့မဝေးဝေးအောင်လုပ်ဖို့ မာမီတမင်စီစဉ်ထားတယ်ဆိုတာ။
ဒီအကြောင်းတွေကို ဟိခွန်ကိုပြောပြတော့ သူကတည်ငြိမ်စွာပဲတုံ့ပြန်တယ်။
အားလုံးအဆင်ပြေသွားမှာမို့ စိတ်ချချနဲ့သွားပါတဲ့။သိပ်လိမ္မာတဲ့ကောင်လေး။
သူတို့နှစ်ယောက်သာအဆက်အသွယ်ရှိရင် ဘယ်သူခွဲခွဲပေါ့။
သူ့ဘက်ကသစ္စာရှိသလို ဟိခွန်ဘက်ကလည်းသူ့လိုပဲဆိုတာယုံကြည်တယ်လေ။"ဂျယ် လုပ်ရမှာက စာကြိုးစားဖို့တစ်ခုပဲ . . ငါကစာတော်တဲ့ ကောင်လေးတွေကိုပဲကြိုက်တာ ဂျယ် သိတယ်မလား . . ဂျယ် ပြန်လာတဲ့အခါကျမှာ ငါတို့အတူဘယ်သူမှမရှိတဲ့နေရာကိုထွက်ပြေးကြမယ်လေ"
အရာရာကိုနားလည်ပေးနိုင်တဲ့ဒီကောင်လေးကိုမြတ်နိုးလွန်းလို့ဘယ်လိုလုပ်ရပါ့မလဲ။အကောင်ပေါက်လေးပြောသမျှကိုနားထောင်ပြီးပြုံးပြရုံကလွဲရင်ဘာမှမတတ်နိုင်ပြန်ဘူး။
"ဂျယ် တစ်ခုခုပြောဦးလေ ပြီးတော့ ဘယ်နေ့သွားရမှာလဲဟင်"
ချက်ချင်းညှိုးကျလာတဲ့ကောင်လေးငယ်ရဲ့မျက်နှာ။
"Sunday"
"ဒီအပတ် Sunday နောက်နှစ်ရက်နေရင်သွားရတော့မှာပေါ့"
"အင်း"
"အရမ်းမြန်တာပဲ"
"အင်း"
တိတ်ဆိတ်သွားပြန်တဲ့နှုတ်ခမ်းပါးတွေ။
"ဂျယ်"
"ဟိခွန်"
ပြီးနောက် တစ်ပြိုက်နက်ထွက်လာတဲ့စကားသံ။
"ဂျယ် အရင်ပြော"
"ဟိခွန်ပဲအရင်ပြောပါ"
"မရဘူးကွာ ဂျယ်အရင်ပြော"
"ကိုယ်က နောက်ကျရင်လည်းနေ့တိုင်း ကိုယ့်ကိုဆက်သွယ်ဖို့ပြောမလို့ပါ"
"အဲ့ဒါဆိုရင် စိတ်ချ ဂျယ်သာငါအမြဲဖုန်းခေါ်လို့ဆိုပြီးစိတ်ညစ်မသွားနဲ့ သိလား"
"စိတ်ညစ်ဖို့နေနေသာသာ ကိုယ်က ဟိခွန်ကိုဘယ်တုန်းကများ ငြိုငြင်ခဲ့ဖူးလဲပြော အနိုင်ယူခဲ့ဖူးလဲပြော"
YOU ARE READING
A DIARY THAT COME TO LIFE
FanfictionDiaryလေးတစ်အုပ်ရှိတယ် ပထမဆုံးစာမျက်နှာကိုမင်းအကြောင်းတွေနဲ့ပဲစပြီး နောက်ဆုံးစာမျက်နှာအထိမင်းအကြောင်းတွေနဲ့ပဲအဆုံးသတ်မယ်