EP 3

295 63 13
                                    

ပါးချိုင့်လေးပေါ်အောင်ရယ်မောနေတဲ့ကောင်လေးကိုကြည့်ပြီး ခပ်ဆန်းဆန်းခံစားချက်တွေနဲ့အတူကြည်နူးမိပေမယ့် သူ့ကိုစိတ်ပူလို့ မထွက်သွားစေချင်တဲ့အကြောင်းတွေတော့မပြောပြမိ။ကိုယ်ကိုယ်တိုင်လည်းဒါကိုလက်မခံနိုင်ခဲ့။

အာဆာဟိက introvert တစ်ယောက်ဆိုတာသိလိုက်ရတော့အနည်းငယ်အံဩမိသည်။သူမဟုတ်တဲ့တစ်ခြားတစ်ယောက်နဲ့ဆုံတဲ့အခါသိသိသာသာပြောင်းလဲသွားသည်ကိုလည်းသတိထားမိသည်။တစ်ချိန်တည်းမှာ အာဆာဟိရဲ့ချစ်စရာကောင်းတဲ့အပြုအမူတွေကို သူမဟုတ်တဲ့တစ်ခြားတစ်ယောက် မမြင်တွေ့နိုင်တာကိုလည်း အကြောင်းပြချက်မဲ့စွာပဲ သဘောကျ‌နေမိပြန်သည်။

"ဒီနေ့မင်းအခန်းကိုရှင်းတော့ ကုတင်အောက်ကစာအုပ်တစ်အုပ်ထွက်လာတယ် ဖုန်တွေတောင်တက်နေပြီ"

ရုတ်တရက်ထိုးပေးလာသောဒိုင်ယာရီလေးကိုလှမ်းယူရင်း ဘယ်နေရာမှာထည့်သိမ်းထားရမလဲဆိုတာကိုထပ်တွေးနေမိသည်။တကူးတကရေးစရာမှမရှိပဲကိုး။

"ကျေးဇူး"

"စာအုပ်ကဟောင်းတဲ့ပုံပေါက်နေပေမယ့် မင်းဘာလို့မရေးတာလဲ"

"ရေးစရာမရှိလို့လေ"

"ဟ လောကကြီးမှာရေးစရာဒီလောက်များတာကိုကွာ"

"မင်းယူမလား ဒါဆို"

"ဟင့်အင်း ငါကစာရေးရပျင်းတယ်‌  တကယ်လို့ရေးစရာမရှိရင်ငါ့အကြောင်းရေးလေ တစ်ချိန်ကျလို့မင်းအနားငါမရှိတော့ရင် ပြန်ဖတ်ပြီးငါ့ကိုလွမ်းလို့ရတာပဲ"

အာဆာဟိကရယ်‌မောစွာပြောရင်းထွက်သွားပေမယ့် ကိုယ့်မှာသူ့စကားကြောင့်မရယ်မောနိုင်။ဆုံးရှုံးမှုရဲ့အရသာကိုမသိပေမယ့်သိလည်းမသိချင်။ဒါ‌တွေဟာသံယောစဉ်ကြောင့်လို့သာ ခေါင်းစဉ်တပ်ပါရစေ။

သို့ ဒိုင်ယာရီ

ငါဆုံးရှုံးရမှာကြောက်တယ်။လမ်းမပေါ်ကကောက်ရထားခဲ့တဲ့ ငါမသိတဲ့ကောင်လေးတစ်ယောက်ကို‌‌လေ။
သူကအရူးတစ်ယောက်လိုပြုမူနေတတ်ပေမယ့် ငါ့အတွက်အ‌ဆင်ပြေနေပြန်တယ်။
ဆံပင်ဖြူဖြူစုပ်ဖွားနဲ့ညစ်ပတ်‌နေတဲ့သူ့ကိုစတွေ့တုန်းက ငါတစ်အားရွံခဲ့တာ။ပြန်စဉ်းစားကြည့်ရင် ဘာလို့အိမ်ကိုခေါ်လာမိမှန်းငါ့ကိုယ်ငါတောင်မသိဘူး။
အာဆာဟိကချစ်ဖို့ကောင်းပါတယ်။သူစိမ်းတစ်ယောက်ဆိုပေမယ့်အဲ့ထက်လည်းပိုတယ်လို့ငါထင်တယ်။
ငါ့မှာ ညီအစ်ကို မောင်နှမ တွေမရှိတော့ သူ့ကိုသံယောဇဉ်တွယ်မိသွားပုံပါပဲ။

A DIARY THAT COME TO LIFEWhere stories live. Discover now