-ဒီကောင်လေးနဲ့ဆုံဆည်းခွင့်ပေးလို့
ဘုရားသခင်ကိုပဲကျေးဇူးတင်ရမလား
ကံကြမ္မာကိုပဲကျေးဇူးတင်ရမလား။
ဒါမှမဟုတ် ဒါကရှေးဘဝအဆက်အဆက်ကတည်းက
ရှိခဲ့တဲ့ ကိုယ်တို့ရဲ့ရေစက်များလား-"ဘာလို့မျက်နှာမကောင်းတာလဲ ဘာလဲ
စာမေးပွဲရလာဒ်ထွက်လာပြီမလား"မျက်နှာထက်တွင်အရာအားလုံးပေါ်လွင်သယောင်
ထုတ်မပြောခင်မှာပဲ အာဆာဟိ ကကြိုသိနေခဲ့တယ်။"ငါလည်းကြိုးစားခဲ့တာပဲ ဒါပေမယ့်"
အဆင့်မကောင်းလို့ဆိုပြီး တစ်သက်နဲ့တစ်ကိုယ်
တစ်ခါမှဝမ်းမနည်းခဲ့ဖူးပေမယ့် ဒီတစ်ခါတော့မဟုတ်ခဲ့။"ဒါပေမယ့် ဘာဖြစ်လဲ"
"ဒါပေမယ့် ထင်သလောက်မကောင်း ကျစ်
အမှန်တော့ထင်သလောက်တော့ထင်ပါတယ်
သင်္ချာမှသိပ်မဖြေနိုင်ပဲ""ကဲ ထားပါတော့ အခုပြောပြလို့ရပြီထင်တယ်နော်
မဟုတ်မှစာမေးပွဲရှုံးလာတာတော့မဟုတ်ဘူးမလား""ဟာ အဲ့လောက်တော့အထင်မသေးနဲ့လေကွာ
အဆင့်တစ်မရရုံလေးပါကို""အဆင့်တစ်မရရုံလေးဆိုတော့ အဆင့်နှစ်လား"
"ဟုတ်ဖူး သုံး"
"မဆိုးပါဘူး တော်သားပဲ ယွန်းဂျယ်ဟော့"
"ဒါဆို ငါတို့"
"အိုး stop"
"ဘာလို့လဲ မင်းပဲပြောထားတာလေ
အဆင့်ကောင်းရင်အဖြေပေးမှာဆို""ဟုတ်တယ်လေ မင်းကအဆင့်သုံးဆိုတော့
အဆင့်တစ်ကဘယ်သူလဲ အဆင့်နှစ်ကရော""အဆင့်နှစ်က ပတ်ဂျီဟွန်းလေ ကင်ဒိုယောင်းကိုတော့
ဘယ်သူမှမနိုင်လောက်ဘူး သူကတအားတော်တာ""ဒါဆိုအဲ့ဒီ ကင်ဒိုယောင်း နဲ့ ပတ်ဂျီဟွန်းကို
အရင်စဉ်းစားပေးလိုက်မယ်လေ သူတို့ငြင်းရင်တော့
မင်းကို စဉ်းစားပေးမှာပေါ့""အယ် အဲ့လိုမရဘူးလေ"
ပျာတလဲလဲဆိုလိုက်ပြန်တော့ အာဆာဟိက
တစ်ခစ်ခစ်နဲ့ရယ်ပြန်တယ်။ တကယ်ကို ရုပ်တည်ကြီးနဲ့နောက်တတ်တဲ့ ကောင်လေးပါပဲ။
CZYTASZ
A DIARY THAT COME TO LIFE
FanfictionDiaryလေးတစ်အုပ်ရှိတယ် ပထမဆုံးစာမျက်နှာကိုမင်းအကြောင်းတွေနဲ့ပဲစပြီး နောက်ဆုံးစာမျက်နှာအထိမင်းအကြောင်းတွေနဲ့ပဲအဆုံးသတ်မယ်