ကိုယ့်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့အချစ်ရေ
ကျေးဇူးပြုပြီး အခွင့်အရေးသာပေးမယ်ဆိုရင်
မလွှတ်တမ်းဖမ်းဆုပ်ထားမိမှာပါ။ဒေါက် ဒေါက်
"ယွန်းဂျယ်ဟော့ မနိုးသေးဘူးလား မင်းကျောင်းနောက်ကျလိမ့်မယ်နော်"
"အင်း ထပါပြီ"
ကိုယ်သာ သူစိတ်ခုပြီးမခေါ်မပြောတော့မှစိတ်ပူနေပေမယ့် အာဆာဟိကတော့ဘာမှမဖြစ်ခဲ့သည့်အတိုင်း အရင်ရက်တွေလိုပုံမှန်အတိုင်းပြောဆိုဆက်ဆံမြဲ။တစ်နည်းအားဖြင့် ဒါဟာကောင်းပါတယ်လို့ထင်ရပေမယ့် တစ်နည်းအားဖြင့်လည်း အခွင့်အရေးမရှိတော့သလိုမျိုး friend zone ထဲကမလွတ်နိုင်တော့ဟုခံစားမိပြန်သည်။အော် အာဆာဟိများ သိပ်ကိုစိုးမိုးလွန်းတာပဲ။
"စာမေးပွဲကဘယ်တော့လဲ"
"မနက်ဖြန်"
စကားပြောနေပေမယ့်တစ်ယောက်မျက်နှာတစ်ယောက်မကြည့်မိ။
"မင်းစာတွေရပြီလား"
"အကုန်လုံးတော့မရသေးဘူး"
"ဘယ်ရမလဲ စိတ်မှမဝယ်စားတာကို"
"အဲ့တာမင်းကြောင့်လေ မင်းပဲလိုက်နှောက်ယှက်နေပြီးတော့"
"ငါဘယ်မှာနှောက်ယှက်လို့လဲ"
"မင်းပဲလေ ငါ့အတွေးတွေထဲနေရာဝင်ယူထားတော့ စာကဘယ်လိုလုပ်ဖြစ်တော့မှာလဲ"
Shit!တကယ်ကို မထင်မှတ်ပဲထွက်သွားတဲ့စကားပါ။ကိုယ်ကိုယ်တိုင်ဘာမှမဖြစ်သလိုနေဖို့ပြောထားပြီး ကိုယ်ကပဲအခုလိုထုတ်ပြောမိတယ်ဆိုရင် သူတစ်မျိုးများဖြစ်သွားမလား။သူနေရခက်သွားမလား။
"သဘောကျတယ်ဆိုရင်ရော"
"ဘယ်လို"
"ငါလည်းမင်းကိုသဘောကျတယ်ဆိုရင်ရောလို့"
ဘယ်လို။ကိုယ်များနားကြားမှားလေသလား။သဘောကျတယ်တဲ့။အာဆာဟိကယွန်းဂျယ်ဟော့ကိုသဘောကျတယ်တဲ့လေ။
"ဂျယ်ဟော့ ငါပြောတာကြားရဲ့လား"
"ဆောရီး ငါရင်တွေအရမ်းခုန်သွားလို့"
![](https://img.wattpad.com/cover/295044481-288-k728971.jpg)
YOU ARE READING
A DIARY THAT COME TO LIFE
FanfictionDiaryလေးတစ်အုပ်ရှိတယ် ပထမဆုံးစာမျက်နှာကိုမင်းအကြောင်းတွေနဲ့ပဲစပြီး နောက်ဆုံးစာမျက်နှာအထိမင်းအကြောင်းတွေနဲ့ပဲအဆုံးသတ်မယ်