EP 8

248 58 3
                                    

"ဂျယ် ငါတို့ဟန်မြစ်ဘေးမှာစက်ဘီးစီးကြရအောင်လေ"

ဒီရက်ပိုင်း ချစ်ရသူနဲ့တကူးတက မဒိတ်ဖြစ်။
သူကိုယ်တိုင်က မအားသလို ကောင်လေးငယ်ကလည်း သူ့ပညာရေးကိုသာအဓိကကြိုးစားစေချင်တာမို့ အခြားစုံတွဲတွေလို ဒိတ်မလုပ်ရလို့ ကလန်ကဆန်လုပ်တာ ရစ်တာ စိတ်ကောက်တာမျိုးလည်းမရှိခဲ့။အရာရာကိုနားလည်ပေးတဲ့အပြင် ဂျယ် ဖြစ်ချင်တဲ့ရှေ့နေတစ်ယောက်ဖြစ်အောင် ပံ့ပိုးပေးမယ်တဲ့လေ။

"အင်း သွားရအောင် ကိုယ်လည်းမင်းနဲ့အပြင်မထွက်ရတာဘယ်လောက်ကြာပြီလဲ"

စက်ဘီးစီးရတာသဘောကျသည့်ကောင်လေးကိုချစ်မိခဲ့လို့ ဆိုင်ကယ်အပြင်စက်ဘီးနှစ်စီးပါဝယ်ခဲ့ရသည်။စက်ဘီးစီးရတာကြိုက်တာထက် အာဆာဟိနဲ့စက်ဘီးအတူစီးရတာကိုသဘောကျတာ။

အရင်ကဟန်မြစ်မှာအတွဲတွေဒိတ်‌တာ‌ကို သေလောက်အောင်ကြည့်လို့မရပေမယ့် တကယ်တမ်းချစ်ရသူနဲ့လာကြည့်မှ ကိုယ်ချင်းစာခဲ့ဖူးပြီ။လေကတစ်ဖြူးဖြူးနဲ့ အချစ်တွေကတစ်လွင့်လွင့်နဲ့လေ။

"ဟာမာဒါ အာဆာဟိ"

တိုးညှင်းစွာဆိုလိုက်ကာ ခေါင်းထဲကအတွေးအချို့တို့ကိုဆက်တွေးနေမိသည်။

"ဟင်"

ချစ်ရသူကပြန်ထူးကာမှအသိဝင်လာတဲ့ကိုယ်ပါ။

"ကိုယ်ကမင်းကိုဒီထက်ရင်နှီးတဲ့နာမည်ပဲခေါ်ချင်တာ ဒါပေမယ့်ဘယ်လိုခေါ်ရမလဲကိုယ်မသိဘူး သူများအတွဲတွေလိုချွဲချွဲနွဲ့နွဲ့လည်းမခေါ်ချင်ဘူးကွာ သိတယ်မလား ကိုယ်ကကျားကျားယားယားလေ"

မကြာခင်ကမှGymဆော့ထားတဲ့ ခပ်တင်းတင်းလက်မောင်းများအားဂုဏ်ယူစွာထုတ်ကြွားပစ်လိုက်တော့ ဆာဟိက သဘောကျစွာရယ်မောသည်။

"အယ် ရယ်တယ်ပေါ့လေ"

"ဂျယ်ကပေါတောတောတွေလာလုပ်ပြနေတာကိုး"

ကိုယ့်မှာသူပျော်အောင်လုပ်ပေမယ့်လည်းအခု‌တော့ပေါတောတောကြီးဖြစ်ရပြန်တယ်။ယွန်းဂျယ်ဟော့က အာဆာဟိမဟုတ်တဲ့ တစ်ခြားတစ်ယောက်ရှေ့မှာဆို ပေါဖို့နေနေသာသာ နှစ်နှစ်ချိုင့်ချိုင့်ရယ်မောတာတောင် အကြိမ်ရေများများရှိခဲ့လို့လား။

A DIARY THAT COME TO LIFETempat cerita menjadi hidup. Temukan sekarang