"အဲ့တာကြောင့်မင်းငါ့ကိုမပြတာမလား ဆက်ရေးမယ့်စကားလုံးက ခေါ်မိလို့နောင်တရနေပြီ အဲ့လိုမျိုးတွေမလား"
"ဟင်"
တုံးလိုက်တာ အာဆာဟိရယ် လို့သာအော်ငေါက်ပစ်လိုက်ချင်ပါသည်။
"တောင်းပန်ပါတယ် ငါကမင်းအတွက်ရှုပ်နေခဲ့ရင်ငါမကြာခင်ထွက်သွားမှာပါ"
"မဟုတ် မဟုတ်ဘူး ဆာဟိရား မင်းထင်ချင်တွေလျှောက်ထင်မနေပဲ ငါပြောတာနားထောင်ပါဦး"
ထင်ချင်တာတွေထင်ကာစိတ်ကောက်ပြီးပြေးထွက်သွားတဲ့ကောင်လေးကိုလိုက်ချော့ပေးရဦးမည်။
"ဟင့်အင်း မနားထောင်ချင်ပါဘူး"
ပါးစပ်ကတစ်ဖွဖွပြောနေရင်းအခန်းထဲကပစ္စည်းတွေကောက်သိမ်းနေတဲ့ဆာဟိက သူမတားရင်တကယ်ထွက်သွားမယ့်ပုံပါပဲ။အကျီတွေခေါက်ထည့်နေတဲ့သူ့လက်ကလေးကဆုပ်ကိုင်ကာ အကြည့်တွေကနေတစ်ဆင့်အနားမှာရှိစေချင်ကြောင်းထုတ်ပြောနေမိတယ်။ဒါကိုသူနားလည်နိုင်မလား။
"အဲ့လိုမကြည့်နဲ့ ငါနေရခက်တယ်"
ဆာဟိကဘာကြောင့်အကြည့်တွေကိုလွှဲလိုက်တယ်ဆိုတဲ့အကြောင်းအရင်း နှစ်ချက်ပဲရှိပါလိမ့်မည်။ပထမအချက်က သူမကြိုက်လို့။သာမာန်ယောကျာ်းလေးတစ်ယောက်ကအခြားယောကျာ်းတစ်ယောက်ရဲ့အကြည့်တွေကိုဘယ်သဘောကျပါ့မလဲ။ဒါမှမဟုတ် ဒုတိယအချက်က ဆာဟိလည်းသူ့လိုခံစားနေမိလို့ပဲ။မဝံ့ရဲပေမယ့် ဒုတိယအချက်သာဖြစ်ပါစေလို့ဆုတောင်းနေမိတယ်။
"ဘာလို့လဲ ဘာလို့နေရခက်တာလဲ"
"မင်းရော အကယ်၍မင်းကိုငါစိုက်ကြည့်ရင်နေရမခက်ဘူးလား ပြော"
လိုချင်တဲ့အဖြေအစား မေးခွန်းတစ်ခုသာပြန်ရခဲ့ပါသည်။
"ဟင့်အင်း နေရမခက်ဘူး"
"ဟင်"
"ဒိုင်ယာရီထဲဘာဆက်ရေးမလဲဆိုတာ မင်းမသိချင်ဘူးလား ငါ့ကို မမေးတော့ဘူးလား"
"ငါ့ကိုနှင်ထုတ်ချင်တဲ့အကြောင်းမဟုတ်ရင်ရပါပြီ"
တကယ်ပဲ အာဆာဟိက တုံးတာလား။ဒါမှမဟုတ် တုံးချင်ယောင်ဆောင်နေတာလား။စကားဆုံးအောင်နားမထောင်ပဲလှည့်ထွက်တော့မည့်အာဆာဟိလက်ကိုတစ်ဖန်ထပ်ဆွဲထားလိုက်သည်။
YOU ARE READING
A DIARY THAT COME TO LIFE
FanfictionDiaryလေးတစ်အုပ်ရှိတယ် ပထမဆုံးစာမျက်နှာကိုမင်းအကြောင်းတွေနဲ့ပဲစပြီး နောက်ဆုံးစာမျက်နှာအထိမင်းအကြောင်းတွေနဲ့ပဲအဆုံးသတ်မယ်