Two Parallel #23

2.9K 281 80
                                    

05.02.2022

Unicode

After you read this episode,
Can you pls give me vote?
* request by jnochukoo
ကောင်မလေးတစ်ယောက်ကို ပြိုင်လိုက်ကြတဲ့ပုံလေးတောင်းဆိုထားပေမယ့် အများကြီးကိုလွဲသွားပါတယ်ဗျာ ဒါပေမယ့်လည်း သဘောကျကြမယ်လို့မျှော်လင့်ပါတယ် ( သဘောကျတယ်လို့ဘဲပြောအောင် အဲ့လိုအာချောင်ထားရတာပေါ့ဗျာ🤣 )

မနက်ခင်းကျောင်းသွားဖို့ အိမ်ဝန်းလေးထဲမှထွက်လာလာချင်း မျက်နှာချင်းဆိုင်အိမ်ကနေ အချိန်ကိုက်ထွက်လာတဲ့ Jungkookကြောင့် Seokjinအတွက် မင်္ဂလာမရှိတော့သလိုပင် ခနဲ့သလိုရယ်သံဖြင့်ရယ်ကာ သူ့အားခြေဆုံးခေါင်းဆုံးအကဲဖြတ်ပြီးမှ ​ထွက်သွားတဲ့သူအား ဆောင့်ကန်ချင်စိတ်...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


မနက်ခင်းကျောင်းသွားဖို့ အိမ်ဝန်းလေးထဲမှထွက်လာလာချင်း မျက်နှာချင်းဆိုင်အိမ်ကနေ အချိန်ကိုက်ထွက်လာတဲ့ Jungkookကြောင့် Seokjinအတွက် မင်္ဂလာမရှိတော့သလိုပင်
ခနဲ့သလိုရယ်သံဖြင့်ရယ်ကာ သူ့အားခြေဆုံးခေါင်းဆုံးအကဲဖြတ်ပြီးမှ ​ထွက်သွားတဲ့သူအား ဆောင့်ကန်ချင်စိတ်တွေ တစ်ဖွားဖွားဖြစ်ပေါ်လာရသည်

မိဘတွေကခင်မင်သလောက် သက်တူရွယ်တူဖြစ်တဲ့ သူတို့နှစ်ယောက်ကတော့ တွေ့တိုင်းရန်စောင်နေတတ်ကြသည် အရာရာတိုင်းမှာ တစ်ယောက်ကိုတစ်ယောက်အသာစီးယူပြီး အနိုင်ရမှကျေနပ်ကြသည် အမြဲတမ်းပြိုင်ဆိုင်နေတတ်ကြသည် စာကလွဲရင်ပေါ့!!

Crash-Helmet ကိုဆောင်းကာ ဆိုင်ကယ်တစ်စီးဖြင့် တစ်ဝူးဝူးတစ်ဝဲဝဲလုပ်ရင်း ကျောင်းသွားတဲ့ Jungkookအား Seokjinကြည့်မရပါ သို့ပေမယ့် ကျောင်းအုပ်ကိုယ်တိုင်ကတောင်ဘာမှမပြောတာ သူကဘယ်သူ့သွားပြီးတိုင်လို့ရမှာမို့လို့လဲ
Driver ဦးလေးကြီးကိုပြုံးပြလိုက်ပြီး ကားထဲသို့ဝင်ထိုင်လိုက်ကာ သူကိုယ်တိုင်လည်း ကျောင်းသို့သွားဖို့အသင့်ပြင်လိုက်လေသည်

ကျောင်းဝန်းထဲသို့ဝင်ဝင်ချင်း ကျောင်းသူတွေသာမက ကျောင်းသားအချို့ရဲ့အကြည့်တွေကိုပါ သိမ်းပိုက်လိုက်နိုင်သည့် Seokjinသည် တစ်ကျောင်းလုံးတွင် အချောဆုံးဆိုသည့်ဂုဏ်ပုဒ်ကို ရရှိထားလေသည် သို့ပေမယ့် ဟိုမလောက်လေးမလောက်စား muscle pig က သူ့နေရာကို ဝင်လုဖို့ကြိုးစားနေတာကြောင့် Seokjinအတွက် ထိုနေရာကသိပ်တော့မသေချာလှပေ
အနားကနေ ဝူးကနဲဖြတ်မောင်းသွားတဲ့ ဆိုင်ကယ်ကြောင့် Seokjinကိုယ့်ရင်ဘက်ကို လက်ကလေးဖြင့်ဖိထားမိသည် ဒါဟာအခုမှဖြစ်တဲ့ကိစ္စတော့မဟုတ်ချေ နေ့တိုင်းဖြစ်နေသောကိစ္စသာ..
တူညီသောအထက်တန်းဝတ်စုံကို ဝတ်ထားပေမယ့် ကြယ်သီးပြည့်တပ်ကာ style pantလေးထဲထည့်ဝတ်ထားပြီး necktieကျပ်ကျပ်စည်းထားတဲ့ Seokjinနှင့် ကြယ်သီး၂လုံးလောက်ဖြုတ်ကာ လေတိုက်လိုက်တိုင်း အင်္ကျီအနားစလေးတွေလွင့်သွားတာကြောင့် ဗိုက်ပြင်ပေါ်က ကြွက်သားတို့ကို အထင်းသားဖော်ပြထားတဲ့ Jungkook တို့သည် ကိုယ့်ပုံစံနှင့်ကိုယ် styleကျနေကြသည်ချည်းသာ...

T͜͡h͜͡e͜͡ O͜͡n͜͡e͜͡s͜͡h͜͡o͜͡t͜͡  (𝑲𝒐𝒐𝒌𝑱𝒊𝒏 𝑶𝒏𝒍𝒚)Where stories live. Discover now