More than Cherry #15

3K 299 29
                                    

30.09.2021

Unicode

After you read this episode,Can you pls give me vote?

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

After you read this episode,
Can you pls give me vote?

ဂျောင်ကု လတ်လတ်ဆတ်ဆတ်ခူးလာတဲ့ ပန်းသီးအချို့ကို တစ်လုံးပြီးတစ်လုံးစားနေပြီး အရိပ်ကောင်းကောင်းရသည့် အပင်တစ်ပင်ပေါ်သို့တက်ကာ သူ့ခန္ဓာကိုယ်အားကို ခံနိုင်သည့် သစ်ကိုင်းကြီးကြီးတစ်ခုပေါ်တွင် တက်အိပ်နေလေသည် အလုပ်မရှိသည့်အတွက်ကြောင့် မနက်လင်းတာနဲ့ မိခင်ဖြစ်သူအသင့်ပြင်ပေးထားသော မနက်စာကိုစားကာ ခြေဦးတည့်ရာသို့လျှောက်သွားတတ်သည် အသက်၂၅ပြည့်ပြီးသော်လည်း နန်းတွင်းကခေါ်တဲ့ အရာရှိစာမေးပွဲတွေတွင် လုံးဝဝင်မဖြေဘဲ ပတ်ရှောင်နေပြီး ဝါသနာပါတဲ့ပန်းချီဆွဲခြင်းအလုပ်ဖြင့်သာ အသက်မွေးဖို့ စဥ်းစားနေလျက်ရှိသည် နိုင်ငံရဲ့ စစ်သူကြီးတစ်ယောက်ဖြစ်တဲ့ ဂျောင်ကုအဖေသာမက ကုန်သည်ကြီးတစ်ယောက်ဖြစ်တဲ့ အဘိုးဖြစ်သူရောကြောင့်ပါ ဂျောင်ကုအလုပ်မလုပ်ဘဲ ဆိုးချင်သလိုဆိုးနေနိုင်ခြင်းဖြစ်သည် တစ်နေ့တစ်နေ့ အလုပ်မရှိဘဲ ဖြတ်သန်းရသည့်နေ့ရက်တွေကို ဂျောင်ကုမငြီးငွေ့ပေ စျေးထဲတစ်ပတ်လောက်ပတ်ကာ မိန်းကလေးတွေအားလုံးရဲ့ အကြည့်တို့ကိုအပိုင်သိမ်းပြီး သဘောတွေ့သည့်မိန်းကလေးတစ်ယောက်ယောက်ဖြင့် အပျင်းပြေ အီတတ်သည် ဂျောင်ကုသည် မိန်းကလေးတွေကြားထဲတွင် တခြားအရာရှိသားတွေထက် နာမည်ကြီးလှသည် မိန်းကလေးတွေအကုန်လုံး ဂျောင်ကုနားသို့ရောက်နေတိုင်း တခြားယောကျ်ားလေးတွေရဲ့ မနာလိုသည့်အကြည့်ကို ဂျောင်ကုကျေကျေနပ်နပ်ကြီး လက်ခံတတ်စမြဲ
ကိုယ့်အတွေးနဲ့ကိုယ် ကြည်နူးနေမိစဥ် ကြားလိုက်ရတဲ့ ဆူညံတဲ့အသံတွေကြောင့် အသံလာရာကိုကြည့်မိတော့ ယောကျ်ားတစ်ယောက်နှင့်မိန်းမတစ်ယောက်..

T͜͡h͜͡e͜͡ O͜͡n͜͡e͜͡s͜͡h͜͡o͜͡t͜͡  (𝑲𝒐𝒐𝒌𝑱𝒊𝒏 𝑶𝒏𝒍𝒚)Where stories live. Discover now