You hack my Heart #19

2.6K 321 55
                                    

1.11.2021

Unicode

After you read this episode,Can you pls give me vote?

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

After you read this episode,
Can you pls give me vote?

" tsk. tsk. tsk!! ဘယ်မလောက်လေးမလောက်စား အကောင်ကများ.. "

နောက်လတွင် စတင်မိတ်ဆက်မည့် ကုန်ပစ္စည်းအသစ်ရဲ့ dataများအခိုးခံလိုက်ရ၍ ဒေါသထွက်နေသည့် CEO ဖြစ်သူအား ဝန်ထမ်းများစေ့စေ့ပင်မကြည့်ရဲကြပေ

" Jeon Jungkook ကို ချက်ချင်းခေါ်လိုက်ကြစမ်း! "

Company မှာအမြဲရှိမနေဘဲ ကိစ္စအထွေအထူးရှိမှသာ ရောက်လာတတ်တဲ့ Network and Computer Systems Administrator Jeon Jungkook သည် Action-Taker တစ်ဖြစ်လဲ Money-Taker ငွေအရှာတော်လွန်းသူဟုနာမည်ကြီးသည်နှင့်အညီ တောင်ကိုရီးယားနိုင်ငံမှာသာမက ကမ္ဘာတစ်ဝှမ်းမှာပါအရှိန်အဟုန်ဖြင့် ထိုးဖောက်နိုင်တဲ့ MHK Computer Manufacturing Company ရဲ့ အဓိက အရေးပါသူတစ်ယောက်
Company မှာရှိတဲ့ ရုံးခန်းမှာအမြဲရှိမနေတတ်ပေမယ့် လုပ်ဆောင်ရမည့်အလုပ်များကိုတော့ အချိန်တိတိကျကျဖြင့် အမြဲပြီးစီးနေတတ်သည့်သူတစ်ယောက်ဖြစ်သည်
ဒီလောက်ကျွမ်းကျင်ပိုင်နိုင်တဲ့ Jeon Jungkook ရဲ့ အုပ်ချုပ်မှုအောက်တွင် အခိုးခံလိုက်ရတဲ့ data အချို့ဟာ Company ရဲ့အသက်ပင် ဘယ်လောက်မှမကြာလိုက် တွေ့ရခဲလှတဲ့ Jeon Jungkook သည် ခက်ထန်သောမျက်နှာဖြင့် Company တွင်းသို့ဝင်ရောက်လာခဲ့သည် အေးလေ.. တော်လွန်းလှပါတယ်ဆိုတဲ့ Jeon Jungkook ရှိတဲ့ Company က dataတွေအခိုးခံရတယ် ဆိုတဲ့သတင်းသာ Mediaတွေလက်ထဲရောက်သွားရင် Companyရော Jeon Jungkookရော အရှက်ရစရာတွေချည်းဘဲမဟုတ်လား

တံခါးကိုဆောင့်ပိတ်လိုက်တဲ့အသံကြောင့် CEO ဖြစ်သူအပြင်ကိုကြည့်နေရာမှ လှည့်ကြည့်မိတော့ မျက်နှာပေါ်က ဒဏ်ရာတစ်ချို့ဖြင့် Jeon Jungkook
N&C Systems administrator အလုပ်တင်မဟုတ်ဘဲ တခြားအလုပ်တွေပါလုပ်နေတာကို CEO ဖြစ်သူသိပေမယ့် ဒါသူ့ကိစ္စမဟုတ်ဘူးလေ Jeon Jungkook ဘဝကို Jeon Jungkookဘဲပိုင်တာ သူမှမပိုင်ဘဲ ဝင်စွက်ဖက်စရာအကြောင်းလဲမရှိ.. အင်း.. ဝင်မစွက်ဖက်ရဲတာဆိုရင်မှန်မလား Jeon Jungkookက အရည်အချင်းရှိရုံတင်မကဘူး ရုပ်ရည်ကလည်း တော်တော်လေးကြည့်ကောင်းတဲ့အထဲမှာပါတယ် ပြီးတော့စိတ်ရှည်တတ်တဲ့သူလည်းမဟုတ်ဘူး လုပ်စရာရှိရင်ချက်ချင်းလုပ်လိုက်ရမှ သူများရဲ့privacyကို အလေးထားတတ်သလို သူ့ရဲ့ privacy ကိုလည်း ဝင်မစွက်ဖက်နဲ့ ဆိုတဲ့ပုံစံမျိုး
ဒီCompanyရဲ့ အဓိကလူက Jeon Jungkookမဟုတ်ပါဘူး Jeon Jungkook မရှိလည်း ဖြစ်တယ် လို့ပြောရင် ဒီCompanyကြီး ဆုံးဆုံးမြုပ်သွားမှာပေါ့ Jeon Jungkookကသာအသက်!
Jeon Jungkookကသာ အဓိက!

T͜͡h͜͡e͜͡ O͜͡n͜͡e͜͡s͜͡h͜͡o͜͡t͜͡  (𝑲𝒐𝒐𝒌𝑱𝒊𝒏 𝑶𝒏𝒍𝒚)Where stories live. Discover now