He never DID! #3

4K 390 21
                                    

08.05.2021

Zawgyi

* Inspire from " First Love " Kookjin FF *

After you read this eposide,Can you pls give me vote?

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


After you read this eposide,
Can you pls give me vote?

Seokjin မျက်မှန်လေးကိုတပ်လိုက်ကာ သူကိုယ်တိုင်ရေးထားတဲ့ သူ့ရဲ့အတွေ့အကြုံ အချစ်ဇာတ်လမ်းအကြောင်းရေးထားတဲ့ ဇာတ်ညွှန်းကို ပြန်ပြီးစီစစ်ဖို့ဖတ်မည်ပြုစဉ် ရုတ်တရက်ထမြည်လာတဲ့ သူ့ဖုန်းသံကြောင့် ဖုန်းကိုသာအရင်ကောက်ကိုင်မိလေသည်

: ဘာလဲ Park Jimin :

: ဘာလုပ်နေလဲ Seokjin ဒီနေ့ငါတို့အပြင်သွားရအောင်ကွာ Taeကို ငါအကူအညီတောင်းထားတာရှိတယ် သူ့အစ်ကိုတစ်ဝမ်းကွဲနဲ့ မင်းနဲ့ချိတ်ပေးဖို့လေ.. အဲ့ဒါ ဒီနေ့အဆင်ပြေတယ်:

: Jimin ငါအဲ့လိုမျိုးတွေမလိုဘူးလို့ ပြီးတော့ငါဒီနေ့မအားဘူး SIIJ ကိုသွားပြီး အဲ့က Director နဲ့ရော Producerနဲ့​ပါ တွေ့ရမှာ:

: Seokjin အခုထိမမေ့နိုင်သေးဘူးလား မင်းရဲ့တစ်ဖက်သတ်အချစ်ကြီးကို အဆုံးသတ်နိုင်ပါစေလို့ ငါအမြဲဆုတောင်းပေးတယ်သိလား ဘယ်နှစ်နှစ်တောင် ကြာခဲ့ပြီလဲ :

: သူ့ကြောင့်မဟုတ်ပါဘူး ငါ့ဇာတ်ညွှန်းပြန်ဖတ်ရဦးမယ် ဒီတစ်ခါ ရုပ်ရှင်က အကောင်းဆုံးဖြစ်နေမှရမှာ တကယ့် ဒိတ်ဒိတ်ကြဲ
SIIJ နဲ့တွဲလုပ်ပြီး မကောင်းတဲ့ဇာတ်ညွှန်းလို့တော့ အပြောမခံချင်ဘူး ချလိုက်ပြီနော်:

Seokjin သူ့ကိုဆက်ပြီးပြောနေမယ့် Jiminရဲ့ စကားတွေကိုမကြားချင်တော့တာကြောင့် ဖုန်းကိုသာအမြန်ချပစ်လိုက်တော့သည် ထို့နောက် သူ့ရဲ့ အထက်တန်းကျောင်းတုန်းက တကယ်ဖြစ်ခဲ့တဲ့ ကိုယ်တွေ့အချစ်ဇာတ်လမ်းအကြောင်းရေးထားတဲ့ ဇာတ်ညွှန်းလေးကိုအသာကိုင်ကာ နောက်ထပ်တစ်ကြိမ် အတိတ်သို့ပြန်ပြီးသွားဖို့ စိတ်ကူးလိုက်တော့သည်

T͜͡h͜͡e͜͡ O͜͡n͜͡e͜͡s͜͡h͜͡o͜͡t͜͡  (𝑲𝒐𝒐𝒌𝑱𝒊𝒏 𝑶𝒏𝒍𝒚)Where stories live. Discover now