အာဏာ..သိသည်။ ရောင်စဥ် စိတ်ထိခိုက်သွားသည်ဆိုတာကို အနောက်က လိုက်မယ်လုပ်တော့ Anna က အာဏာ ကိုဆွဲကာ

"အာဏာ...ငါတို့.. အလုပ်ကိစ္စ..ရှိသေးတယ် "

Anna ကြောင့် ရောင်စဥ် ဆက်လိုက်လို့မရတော့ချေ။ Jack ကို ခေါ်ကာ ရောင်စဥ် အတွက် ကားတစ်စီး လူယုံတစ်ယောက်ပို့ပေးထားလိုက်သည်။

အာဏာ အခုတလော အလုပ်အရမ်းရှုပ်နေသည်။ ရောင်စဥ် ကျောင်းပိတ်ထားတော့ ရောင်စဥ်လဲ အိမ်မှာ ပျင်းလှသည်။

"Hello..Naeun "

"Hey...ငါပြောထားတဲ့ ကိစ္စဘယ်လိုလဲ.."

"ငါမသွားချင်ဘူး James မွေးနေ့ကို "

"ဟင်.....အင်းပါ နင်သွားချင်စိတ်လေးရှိရင် ငါ့ကိုပြန်ဆက်အုံး...ငါလာခေါ်မယ်"

"okay..."

ရောင်စဥ် ဖုန်းချကာ နောက်လှည့်ကြည့်တော့ အလုပ်သွားတော့မယ့် ကိုကို့ကို မြင်တော့...

"ကိုကို...."

စကား ပြောချိန်ပင်မရလိုက်ပေ။အာဏာ ဖုန်းကိုင်ကာ ချက်ချင်း အပြင်ကိုထွက်သွားတော့သည်။

ကိုကို က တစ်ချို့ညတွေဆို အိမ်တောင်ပြန်မလာဘူး အချို့ညတွေက နောက်ကျတယ်။

ရောင်စဥ် အရမ်း ဝမ်းနည်းတယ်။ ကိုကို ဒါမျိုးကြီး ပစ်ထားတော့။

❤~~~~~~~~♥

အာဏာ နဲ့ Anna နေ့လည်ခင်း အလုပ်စားပွဲဝယ် စာရွက်စာတန်းအချို့နှင့်အတူ
အလုပ်ရှုပ်နေကြသည်။

ရောင်စဥ်လေးရောက်လာပြန်သည်။

"ကိုကို...."

"ရောင်စဥ်....."

သူလာတဲ့အချိန်တိုင်း ကိုကို ဘေးမှာ သူမအမြဲရှိနေတော့ လုံးဝ သဘောမကျပေ။

ဒါပေမယ့် စကားတွေသွယ်ဝှိုက်မနေဘဲ

"ကိုကို...ရောင်စဥ်နဲ့နေလည်စာ အတူစားရအောင်"

"ဘယ်လိုလုပ်မလဲ...ကိုကို က Anna နဲ့စားပြီးသွားပြီ"

"........"

ရောင်စဥ် ဆက်မပြောတော့ဘဲ
နောက်လှည့်ကာ ထွက်သွားပြန်သည်။
သူစကားထပ်ပြောရင် သူ့မျက်ရည်တွေကျလာလိမ့်မည်။ သူသိနေတော့...

Sugar Daddy (or) Daddy ကကျွန်တော့်အပိုင်Opowieści tętniące życiem. Odkryj je teraz