အပိုင်း (၈၇၀) - ဒုတိယအဆင့်ဗိုလ်လုပွဲ ရောက်လာခြင်း

Start from the beginning
                                    

သူတို့က သူမဂုဏ်သိက္ခာကို မြှင့်ပေးနေတာလား နှိမ့်ချနေတာလား။

၎ကြော့မြောက်တွင် ၁၅၀ထဲမှ ၇၅ယောက်သာကျန်သည်။ ၅ကြော့ မြောက်တွင် ၇၅ယောက်ထဲမှတစ်ယောက်သည် နောက်အကြော့သို့ ချက်ချင်း အဆင့်တက်သွားရာ ၇၄ယောက်ထဲမှ ၃၇ယောက်ကျန်လေသည်။

ယူယူသည် တိုက်ရိုက်အဆင့်တက်လောက်အောင် ကံမကောင်းပေ။ သို့သော် ထိပ်တန်း၂၀အတွင်း ဝင်သေးသည်။

ဒီတစ်ကြိမ်တွင် သူမသည် ကျောင်းသားအသစ်အဖွဲ့မှ ခွဲထွက်ရသည်။ ရှီမာယူလင်းတို့သည် ၁၅၀မှ ၇၅ယောက်ရွေးရာတွင် ပြုတ်သွားခဲ့သည်။ သူတို့ သည် နောက်တစ်ဆင့်မတက်ရတော့ပဲ သူတို့၏ နောက်ဆုံးအဆင့်ကို နောက်လာမည့် အဆင့်ပြိုင်ပွဲမှပင် ဝင်ပြိုင်ကာသတ်မှတ်ရတော့မည်။

နောက်ဆုံးအကြော့ အဆင့်၁၉တက်ရာတွင် လူတစ်ယောက် ထပ်ကျ ပြန်သည်။ ယူယူသည် ဒီတစ်ကြိမ်တွင်ကံကောင်းသည်။ သူမသည် ထီပေါက် ကာ အဆင့် ၁၀အတွင်းဝင်သွားသည်။

လူသစ်တစ်ယောက်က အဆင့်၁၀အတွင်းဝင်သွားတယ်။

ဂိုဏ်းရှိလူအားလုံးသည် ရုန်းရင်းဆန်ခတ်ဖြစ်သွားကြလေသည်။ သူမ မည်မျှသန်မာသည်ကိုလည်း သိကြသည်။ သို့သော် သူမ ဒီလောက်အဆင့်ထိ ရောက်လာလိမ့်မည်ဟု သူတို့ထင်မထားကြပေ။

"ကျွတ် ပျာယာခတ်သွားကြတာပဲ၊ သူမက ဝိဥာဉ်စွမ်းအင်ကို အပြည့်အဝ မသုံးတာတောင်နော်၊ သူမက အံ့ဖွယ်သူတော်စင် အဆင့်နိမ့်လို့ ကြားတယ်၊ မင်းတို့ အံ့ဖွယ်သူတော်စင်အဆင့်နိမ့်ရောက်တာကို အဆင့်၂၀ အတွင်းရောက်နိုင်တဲ့သူ ဘယ်နယောက်ရှိလဲ"

"အံ့ဖွယ်သူတော်စင်အဆင့်နိမ့်လား"

"မဖြစ်နိုင်တာ ဒီလူက အရမ်းအားကောင်းတယ်"

"သူက ဘယ်အင်အားစုကလာလို့ ဒီလောက်အင်အားကောင်းနေလဲ ငါ လည်းမသိဘူး၊ ငယ်ငယ်လေးနဲ့ ဒီလောက်အားကောင်းနေတယ်"

"အဲဒါတင်မဟုတ်ဘူး သူက ခန္ဓာကိုယ်လေ့ကျင့်တဲ့သခင်ပဲ"

"ခန္ဓာကိုယ်ပျိုးထောင်တဲ့လမ်းကိုလိုက်တာလား"

"ပြီးခဲ့တဲ့ပွဲတွေတုန်းက ပြိုင်ဘက်ကိုအနိုင်ရအောင် ခန္ဓာကိုယ်အားကို သုံးသွားတာမမြင်ဘူးလား"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now