🚨ပစ်! ရုတ်တရက် ဗိုက်နာခြင်း!🚨

Start from the beginning
                                    

သူ သက်ပြင်းအသာချလိုက်ပြီး လင်ကျန်းရီ၏ ဖြတ်လတ်တက်ကြွနေသော ညီငယ်လေးကို နောက်တစ်ဖန်ဆုပ်ကိုင်လိုက်ရပြန်သည်...

လင်ကျန်းရီတစ်ယောက်ကျေနပ်ပြီး အိပ်ပျော်သွားသည်နှင့် စုကျစ်ယန်သည် သူ့နောက်ကျောကို ခပ်မတ်မတ်လေး ဆန့်တန်းလိုက်သည်။

ဒါက တကယ်ကို ပင်ပန်းလွန်းတယ်! ခွေးကောင်လင်ကို သူ့ခန္ဓာကိုယ်နဲ့ ကူညီရတာထက်ကို ပိုပင်ပန်းလွန်းတယ်!

သူ့ခါးလည်း ဒီလိုအကွေးအကောက်လုပ်ရလွန်းတာကြောင့် တစ်ဝက်ကနေကွဲထွက်သွားမတတ်ဘဲ!

သူ့ဗိုက်ထဲက ကလေးနှစ်ယောက်က နည်းနည်းလှုပ်သွားတာကြောင့် စုကျစ်ယန်သည် သူ့အားတွေကိုစုပြီး လက်ဆေးဖို့ အိမ်သာဆီသို့မသွားမှီ သူ့ကိုယ်တွင်းထဲမှသားလေးနှစ်ယောက် စိတ်အေးချမ်းစေဖို့အတွက် သူ့ဗိုက်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။  သူပြန်၀င်လာသည့်အခါ လင်းကျန်းရီသည် တစ်ဖက်သို့လှည့်၍ စောင်ကို ဘေးသို့ ကန်ထုတ်ပစ်လိုက်ပေသည်။

ဒါကြောင့် တစ်ယောက်ယောက်ကို ပြုစုစောင့်ရှောက်ရတယ်ဆိုတာ သောက်ရမ်းပင်ပန်းလွန်းလှတယ်လို့ပြောကြတာ...

စုကျစ်ယန်သည် သက်ပြင်းအသာချ၍ ခုတင်ပေါ်သို့ ဖြေးဖြေးချင်းမတတ်ခင် လင်ကျန်းရီ၏အ၀တ်ဗလာခန္တာအား စောင်နဲ့ ထပ်ပြီး ခြုံပေးလိုက်သည်။

ကံကောင်းထောက်မစွာဖြင့်၊ ခုတင်က ကျယ်နေတော့ လင်ကျန်းရီတစ်ယောက် သူ့ကို ကန်တာ၊ တွန်းတာအတွက် စိတ်ပူနေစရာ မလိုဘူး။

လင်ကျန်းရီသည် အရက်သောက်ပြီးမူးရူးနေပါသော်လည်း လူ့ကျင့်ဝတ်လေးကိုထိန်းပြီး အထက်တန်းကျကျနဲ့တည်ငြိမ်နေဆဲပင်။ အနည်းဆုံးတော့ သူသည် နာခံမှုအပြည့်ဖြင့် အိပ်ပျော်သွားပြီး မည်သူ့ကိုမျှ စိတ်အနှောင့်အယှက် မဖြစ်စေပေ။

ယခု သူစိတ်သက်သာရာရသွားတော့ စုကျစ်ယန်သည် သူ့ခါးမှ မခံနိုင်လောက်အောင် မသက်မသာဝေဒနာကို ခံစားလိုက်ရသောကြောင့် သူ့လက်ကိုဆန့်ထုတ်ကာ အသာနှိပ်နှယ်လိုက်သည်။

အိပ်တစ်၀က်နိုးတစ်၀တ်ဖြစ်နေတဲ့ကြားထဲမှ စုကျစ်ယန်သည်  သူ့ကိုယ်သူ​စကားဆိုမိသည်- လင်ကျန်းရီကို ဂရုစိုက်ရတာ သောက်ရမ်းပင်ပန်းလွန်းတယ် ဒါ့ကြောင့် လင်ကျန်းရီကို နောက်တစ်ကြိမ် သောက်ဖို့ခွင့်မပြုတော့ဘူး! သူတကယ်လို့အရမ်းသောက်ချင်နေရင်တောင်မှ ကလေးမွေးပြီးမှပဲ ရမယ်၊ မဟုတ်ရင် ကိုယ်ဝန်ကြီးနဲ့ သူ့ကို ပြုစုစောင့်ရှောက်ရတာက လုံး၀ကိုကြေကွဲစရာပဲ!

ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]Where stories live. Discover now