အပိုင်း (၈၆၅) - မိုရှားပြန်ကောင်းလာခြင်း

Start from the beginning
                                    

"မင်းအဲမှာ ဘဝင်မမြင့်နိုင်ဘူးဆိုတာ ငါသိတယ်" မိုရှားသည် အတပ် ပြောလေသည်။

"ရူးလိုက်တာ ကျွန်တော်ထွက်မလာနိုင်ရင်တောင် သေလူတစ်ပိုင်းဖြစ် သွားမှာပဲရှိတာ တကယ်သေသွားတာမဟုတ်ဘူး၊ ခင်ဗျားရဲ့ လုပ်နိုင်စွမ်းနဲ့ ဆိုရင် စာချုပ်ကိုဖျက်ချင်ရင်တောင် မခက်တော့ဘူး" ရှီမာယူယူ ပြောလိုက် သည် "ဒါပေမဲ့ ခင်ဗျားအဲအထဲမှာ ပိတ်မိသွားရင် ဘယ်တော့မှ ထွက်လာနိုင် တော့မှာမဟုတ်ဘူး၊ နောက်ထပ်အဲလိုအန္တရာယ်များတာ မလုပ်နဲ့တော့"

"ကောင်းပါပြီ"

မိုရှားသည် ဖျော့တော့စွာပြန်ဖြေလိုက်ရာ သူမပြောစကားကို နားထောင်ရဲ့လားဆိုသည်ကို မသေချာပေ။

"ခင်ဗျားရဲ့ ကျန်းမာရေးအခြေအနေက ဘယ်လိုလဲ" ရှီမာယူယူသည် ဝိဥာဉ်များနှင့်ပတ်သတ်ပြီး အများကြီးနားလည်သောကြောင့် သူအဆင်ပြေရဲ့ လားဆိုသည်ကို မသိတော့ပေ။

"ဘာမှမဖြစ်တော့ဘူး" မိုရှား ပြောလိုက်သည် "ငါက နှစ်တွေအကြာကြီး အပိတ်ခံထားရပေမယ့် အဇူရာဘုရင်ကြီးရဲ့ ဝိဥာဉ်စွမ်းအင်က သန်မာတုန်းပဲ၊ ငါ သူ့ရဲ့ဝိဥာဉ်စွမ်းအင်ကိုလည်း စုပ်ယူလိုက်တော့ အခုငါ့စွမ်းအင်ဖြစ်သွားပြီ"

"ဆိုလိုတာက ခင်ဗျားအခုကျန်းမာနေတယ်ပေါ့" ထိုသို့ကြားလိုက်သည် နှင့် သူမမျက်နှာတွင် အပြုံးပန်းပွင့်သွားလေသည်။

"မင်းရဲ့ စီနီယာအစ်ကိုရော" မိုရှား မေးလိုက်သည်။

"ပညာရှိစံအိမ်တော်မှာပဲရှိသေးတယ် ဒါပေမဲ့ သူ အဂ္ဂိရတ်ပညာရှင် ပြိုင်ပွဲကိုတက်လိမ့်မယ်" ရှီမာယူယူ ဆက်ပြောလေသည် "သူနဲ့ပေါင်းစပ်ဖို့ သူ့ကိုရှာချင်လို့လား"

"ဟုတ်တယ်၊ အစတုန်းက နတ်ဆိုးလောကမှာ ပြင်ဆင်စရာတွေရှိနေ တာ၊ ဒါပေမဲ့ ဘုရင်ကြီးရဲ့ဝိဥာဉ်နဲ့ တွေ့လိမ့်မယ်လို့ မထင်ထားဘူး အဲဒါ ကြောင့် အဲဒီမှာပြင်ဆင်စရာကိစ္စမရှိတော့ဘူး အခြေခံလိုမယ့်ပစ္စည်းလေးတွေ ယူလာရုံပဲ" မိုရှားဆက်ပြောလေသည် "ပညာရှိစံအိမ်တော်က ဘိုးတော်ကြီး က ငါ့ကို သူ့ရဲ့ခိုးရာပါပစ္စည်းလိုကို ကျားအကြည့်နဲ့ကြည့်တာ၊ မင်းရဲ့ စီနီယာ အစ်ကိုရဲ့ လက်ရှိအားက အဲလောက်မသန်မာသေးဘူး၊ အဲဘိုးတော်ကြီးက သူ့ကို မျက်စိကျနေတော့ မင်းစီနီယာအစ်ကိုနဲ့ ငါနဲ့ အသက်မရှင်နိုင်ဘူး"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now