Arc.9.19
1.5K 296 20
" ဟင်?? "
Ruzel သည် လေထဲ လွင့်မျောနေသလိုခံစားရပြီး သူ့ရဲ့ ခန္ဓာကိုယ်ကို မခံစားရတော့ချေ ။ ' ငါသေတော့မှာလား ' သူသည် ပြင်ပတွင် ဖြစ်ပျက်နေသည်များ မသိရှိခဲ့ဘဲ တိုးဝင်လာသည့် အငြိုးစွမ်းအင်များကြောင့် ငြီးငြူနေခဲ့ရသည် ။ သူ့အသိစိတ်သည် ဝေဝါးလာခဲ့ပြီး အာရုံခံစား၍ မရတော့ချေ ။ သို့သော် နာကျင်မှုများက တဖြည်းဖြည်း မှေးမှိန်သွားခဲ့၏ ။
တစ်ယောက်ယောက် ? ရောက်လာတယ် ..
ဒီအငွေ့အသက်လေး .. နှစ်လိုဖွယ်ကောင်းတယ် ။ စွဲမက်ဖွယ်ကောင်းတယ် ။ ဒီလို စိတ်အေးချမ်းမှုမျိုး ... သူနဲ့ ထပ်တူကျနေသလို ခံစားမှုမျိုး ။
အာ .. ဒီလူနားမှာ နေချင်တယ် ..
တစ်ခုခု ပြန်ဖြေနေသလိုဘဲ .. ဒါပေမဲ့ ဘာပြောနေတာလဲ မကြားရဘူး
' ဘယ်သူလဲ ?? တွေ့ ချင်တယ် '
သည်အချိန်တွင် အငွေ့ အသက်က ရုတ်တရက် ပါးလျသွားသည် ။ သတိပြန်ရလာချိန်တွင် လျို့ဝှက်ခန်းထဲတွင် ဖြစ်နေခဲ့ပြီး စွမ်းအင်တချို့ ပြန်လည်ရရှိနေခဲ့ပြီဖြစ်သည် ။ သို့သော် လက်ရှိတွင် သူ့နှလုံးသားက ခံစားနေရသည်။ သူ့အတွက် အဖိုးတန်သည့် အရာတစ်ခုက ပျောက်ကွယ်သွားတော့မလို ခံစားချက်မျိုး ။ မြတ်နိုးရသည့် လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ ရင်းနှီးနေတဲ့နာကျင်မှုမျိုး ။
" မြို့ထဲမှာ တစ်ခုခု ဖြစ်နေတာဘဲ .. "
Loryard မြို့သည် သွေးချောင်းစီးနေသည်ဟု ထင်ရလောက်အောင် နေရာအနှံ့သွေးစများ ပျံ့ကျဲလာသည် ။ ထိုသွေးစက်များ ကျဆင်းသွားခဲ့‌သော်လည်း Shun ၏ ခန္ဓာကိုယ်ပေါ်တွင် အစွန်းအထင်းပင် မရှိ‌ခဲ့ပေ ။ မျက်နှာထက်တွင် အလွန်သဘောကျနေသည်ဆိုသည့် အပြုံးတစ်ခုကို တပ်ဆင်ထားခဲ့ပြီး ထိုအပြုံးသည် ထူးထူးခြားခြား ကြောက်စရာကောင်း‌နေခဲ့သည်။
" မကောင်းတော့ဘူး .. အဲ့ဘက်က ပြည်သူတွေ ပုန်းအောင်းနေတဲ့ နေရာဘဲ " Genl က Shun ၏ ခြေလှမ်းများ၏ ဦးတည်ရာအား မြင်လိုက်ကာ ထိတ်လန့်စွာ အော်ဟစ်လိုက်သည် ။ စစ်သည်များသည် ချက်ချင်း လှုပ်ရှားလိုက်ပြီး လမ်းကြောင်းတွင် ပိတ်ရန်ပြင်လိုက်ကြသည် ။ သွေးစက်များ ရပ်တန့်သွားပြီဖြစ်ကာ သူတို့က Shun ၏ ‌အရှေ့သို့ ရောက်လာနိုင်ခဲ့ကြသည် ။ စစ်သည်များသည် သူတို့ ခန္ဓာကိုယ် အေးစက်နေပြီး လက်များ တုန်ယင်နေကြသည် ။ ခုနက တိုက်ပွဲထက် သူတို့က ဒီလူကို ကြောက်ရွံ့နေကြသည် ။