သူ့ကို ဆိုဖာတွင်အတင်းထိုင်ကာ ဆူးကအခန်းထဲသို့ပြေး၀င်သွားသည်။

သူလည်း သူငယ်ချင်းနှစ်ယောက်ကြား ကန့်လန့်ဖြစ်နေမှာစိုးတာကြောင့် ထသွားရန်အကြောင်းရှာလိုက်မိသည်။

"ကိုယ်လည်း  သွားလိုက်ဦးမယ်"

တစ်ယောက်တည်း ဘာဖြစ်လို့ဖြစ်မှန်းမသိပဲ ဘေးကနေအကြောင်းရှာထသွားရန်ပြင်နေသူကြောင့် ဇဏ်လက်ကိုဆွဲထားလိုက်သည်။ လှမ်းဆွဲရုံတင်မဟုတ်ပဲ လက်ကိုပါဆုပ်ကိုင်ထားတာကြောင့် လက်ကောက်‌၀တ်သေးသေးနုနုက သူ့လက်ဖဝါးကြားထဲတွင် အံ၀င်ခွင်ကျ။

"ဘယ်သွားမလို့လဲ ညိမ်"

"အ၀တ်အစားသွားလဲမလို့ "

"လဲစရာမလိုပါဘူး ဒီအတိုင်းလည်း ကြည့်လို့‌ကောင်းတာပဲဟာ"

"မင်း အဆင်ပြေပေမဲ့ ငါ..ငါမပြေဘူး "

အတင်းရုန်းထွက်သွားတာကြောင့် လှမ်းဆွဲတာတောင် မမီတော့။

ဆူးဒေဝီဆိုသည်မှာလည်း အတော့်ကို ဂဂျီဂဂျောင်နိုင်လွန်းသည်။

ဂိုက်နဲ့ဆိုမသွားဘူး ဟိုလူနဲ့မသွားဘူး ဒီလူနဲ့မသွားဘူးနဲ့ သူသိလားဆိုတော့မဟုတ်။

"ဒီနေ့ Lanikai beach နဲ့ အဲ့နားကနေရာအချို့ပဲသွားမှာနော် ။ botanical gardenမသွားသေးဘူး အဲ့ကအရမ်းလှတော့ သေချာအလှပြင်ပြီးမှသွားမယ် ဓာတ်ပုံလှလှလေးရိုက်ရအောင်"

"အေး ငါကရက်ကြာကြာနေလို့မရဘူး အဲ့တော့မြန်မြန်လည်ပြီးမြန်မြန်ပြန်မှာ ‌နင်လည်လို့မပြီးသေးရင် တစ်ယောက်တည်းနေခဲ့ "

"နေခဲ့စရာလား ။ကိုကြီးကိုပါခေါ်ထားမှာပေါ့  "

ဆူးကရတုကိုပြောလည်းပြော ညိမ့်ဘက်ကိုပါလှည့်ကာ စစ်ကူတောင်း၏။

"ကိုကြီးနေခဲ့မယ်မလား "

"ဟေ... ‌အင်း "

"ဘာဆိုင်လို့လဲ။ ညိမ်ကငါခေါ်လာတာ ငါပြန်ခေါ်သွားမှာပေါ့ ။ ထားခဲ့စရာလား "

"အံ့ဩဘ ။ ကိုကြီးကနင့်ရည်းစားမို့လို့လား "

"ဟုတ်ဟုတ် မဟုတ်ဟုတ် ငါခေါ်သွားမှာ "

Love Of My Life [Completed]जहाँ कहानियाँ रहती हैं। अभी खोजें