Epi(11) Unicode

10.4K 870 13
                                    

အပိုင်း(၁၁)

တနင်္ဂနွေနေ့မို့ ကျောင်းနှင့်ပတ်သတ်သော ကျူရှင် ၊ ဂိုက်ချိန်များ မရှိသဖြင့် ရတုတို့ရပ်ကွက်ရှိ အအေးဆိုင်သို့ သုံးယောက်သား ရောက်‌နေကြ၏။

ဒီနေ့မှ ဆူးပုံစံက သိပ်မကောင်း ၊ တစ်ခုခုကို စိတ်မကောင်းဖြစ်နေသလိုဘဲမို့ ခီတန်ကူးဇဏ်က ဆူးကိုထမေးသည်။

"ဟဲ့ ဆူး နေမကောင်းဘူးလား"

အဲ့တော့မှ ဆူးက အသိစိတ် ၀င်လာသလို ပြန်ဖြေ၏။

"ဟင် ကောင်းပါတယ် ၊ ဘာမှမဖြစ်ဘူး "

"ခီကူး စစ်သွေးကို သတိမရဘူးလား "

ဆူးအမေးကြောင့် ဇဏ် သက်ပြင်းတစ်ချက်သာ ခိုးရှိုက်လိုက်မိ၏။

"အင်း  "

"သူ အဆင်ပြေလောက်မှာပါနော် "

တိုးဖွဖွစကားသံတွင် စိုးရိမ်မှုများက ပါ၀င်ရောနှောနေလျက် ။

ရတုက ၀င်ပြောသည်။

"အဆင်ပြေမှာပါ သူကဘယ်သူလဲ စစ်သွေးရှားညိုပဲကို "

"အင်း ငါတော့ ငါတို့သုံးယောက် တစ်နေရာရာကို စုပြီး သွားတိုင်း အဲ့လူဆိုးကောင်ကို သိပ်သတိရတာဘဲ ၊ အဆက်အသွယ်တောင်မလုပ်တော့ဘူး... တကယ်ဘဲ ငါတို့ကို သေခန်းဖြတ်သွားတာထင်တယ်  "

"ငါလည်း တူတူပါဘဲ တစ်ခါလောက်တော့ တွေ့ချင်သေးတယ်  "

ရတုက အအေးကိုတစ်ငုံသောက်ပြီး ၀င်ပြောသည်။

"အဲ့တာဘယ်သူ့ကြောင့်လဲ "

ရတုစကားကြောင့် ဆူးကမျက်နှာပျက်သည်။

"ဗီဇဆိုတာ ပြင်လို့မှမရတာ ၊ အပွင့်ဆုံးပြောရရင် ငါလေ အခုအရမ်းပင်ပန်းတယ် ၊ ပြင်မရတဲ့ အမှားတစ်ကြောင့် ကိုယ့်ကိုကိုယ် အတင်းထိန်းချုပ်‌နေရတယ် တစ်ခါတလေ ရူးတော့မလိုပဲ ၊ စိတ်ရှိတိုင်း နေလို့မရဘဲ မျက်နှာဖုံးတစ်ခုတပ်ထားရတဲ့ခံစားချက် မင်းတို့နားလည်မှာမဟုတ်ပါဘူး"

ခီတန်ကူးဇဏ်၏ အပြောကြောင့် သူငယ်ချင်းနှစ်ယောက်ရဲ့ မျက်နှာထက်တွင်တော့ စိတ်မကောင်းခြင်းများ ပြည့်နှက်နေလျက်။

Love Of My Life [Completed]Where stories live. Discover now