အပိုင်း(၉)
"Hello... ငါရောက်နေပြီ "
"....."
"အေး ပြီးရော စောင့်နေမယ် "
စာသင်ဖို့ဆုံးဖြတ်ပြီးပြီမို့ သင်ရမည့်သူရော ဘယ်လို ၊ဘယ်နေရာ စတာတွေကို မေးမို့ အအေးဆိုင်တစ်ခုမှာ သော်မှူးကို စောင့်နေတာဖြစ်သည်။
သို့သော် သော်မှူးက သူ့ကောင်မလေးကို အပြင်ကအပြန် ကားငှားပေးနေတာမို့ ခဏလောက် စောင့်ဦးဟု ပြောလာသဖြင့် ဆက်စောင့်နေလိုက်သည်။
စစချင်း၀င်လာတော့ ဒီဆိုင်က WiFi password ကိုရှေ့ကောင်တာမှာတွေ့လိုက်သည်မို့ သွားယူရန်ဆုံးဖြတ်လိုက်သည်။
သူကောင်တာနားကို လျှောက်သွားတော့ ၀န်ထမ်း ကောင်လေးများက ဘာအလိုရှိပါသလဲ ဆိုသောမျက်လုံးများနှင့်ကြည့်လာသည်မို့ သူအသာအယာခေါင်းခါပြီး ပြုံးပြလိုက်သည်။ သူပြုံးပြလိုက်တော့မှ ၀န်ထမ်းလေးများကလည်း ပြုံးပြလာသည်။
"ဒါနဲ့ အစ်ကို wifi password လာယူတာ ၊ ရနိုင်မလား ညီမလေး "
ကောင်တာမှာ မတ်တပ်ရပ်နေတဲ့ ကောင်မလေးကို မေးလိုက်သည်။
"ဟုတ် ဒီမှာ ရပါတယ်အစ်ကို "
ထောင်ထားတဲ့ ဘုတ်ပြားလေးကို ကိုယ့်ဘက်တိုးပြလာသည်။ QR codeပါသဖြင့် နံပါတ်ကိုမှတ်မနေတော့ဘဲ တစ်ခါတည်း Scan ဖတ်လိုက်သည်။
သူထိုင်နေတဲ့ ခုံကိုရောက်လာသည်အထိ ဟိုကောင် သော်မှူးက လုံး၀ ရောက်မလာသေးပေ။
သူလည်း ပျင်းလို့ ဘာလုပ်ရမလည်း မသိ။
အော် ညက Viberကနေ ညီငယ်က သူ့FB accကို Ssရိုက်ကာ လာပြထားသည်ဘဲ ။
သူFB ပြန်ဖွင့်ရမည်။ ဟိုးအရင်ကသုံးခဲ့သော်လည်း
ကိစ္စများစွာဖြစ်သွားသဖြင့် လုံး၀ဖျက်ချခဲ့တာဖြစ်သည်။Social Mediaဆိုတာ မသုံးတတ်တဲ့သူတွေ အတွက် အဆိပ်အတောက်မဟုတ်လား ။
ဖြစ်ခဲ့တာတွေလည်း ဖြစ်ပြီးခဲ့သည်မို့ သူလည်း အစွဲမထားဘဲ ပြန်ဖွင့်ရန်သာတွေးလိုက်သည်။
Moe Thant Nyeim ဆိုသော အင်္ဂလိပ်နာမည်နဲ့ ဖွင့်ပြီး သူ့ညီကို ဦးစွာ addလိုက်သည်။ လူငယ်ပီပီ Ppကအစ သေချာရိုက်ကာ ထားထားတာ ထင်သည်။
YOU ARE READING
Love Of My Life [Completed]
RomanceGenre// BL , Romance Writer// Genny Start Date//30.10.2021 End Date// 10.12. 2022 Pic full crd (from Pinterest)