အပိုင်း(၁၅)

2.9K 242 9
                                    

"နွယ် လက်မထပ်ချင်သေးဘူးခင်"

"ခင်လည်းနွယ့်ကိုတစ်ပါးသူလက်ထဲမထည့်ပေးချင်ဘူး"

ရုတ်တရက်ပွင့်ဟသွားသောခံစားချက်တစ်ချို့ကြောင့်ထိတ်လန့်သွားမိလေသည်။အဘယ်ကြောင့်ဆိုသော် နွယ်ဟာသူ၏ဘက်သို့လှည့်လာသောကြောင့်ဖြစ်သည်။

"နွယ့်ကို ခင်ပန်းလေးတစ်ပွင့်ပေးမယ်"

"အဝါရောင်ကျူးလစ်ပန်းလေးပါလား လှလိုက်တာ"

"ဒီပန်းလေးရဲ့အဓိပ္ပာယ်ကိုသိလား နွယ်"

"ဟင့်အင်း နွယ်မသိဘူး"

"ဒီ အဝါရောင်ကျူးလစ်ပန်းလေးရဲ့အဓိပ္ပာယ်က.."

"..."

"သင်ဟာသူ့ကိုချစ်မြတ်နိုးပေမဲ့တစ်ဖက်လူဟာသင့်ရဲ့ခံစားချက်ကိုပြန်လည်တုံ့ပြန်မှာမဟုတ်တာကိုသင်သိတယ် ဆိုတဲ့အဓိပ္ပာယ်လေ"

"အဲ့တာဆို ဒီပန်းလေးကိုနွယ့်ဆီပေးတာ ခင်မှားပြီထင်တယ်"

"ဘာလို့လဲ နွယ်"

"နွယ်က ခင့်ရဲ့ခံစားချက်တွေကိုအသိအမှတ်ပြုပေးမှာမို့လို့လေ"

"ရှင်"

"ခင် နွယ့်အပေါ်စိတ်သဘောထားတစ်ခုသက်ရောက်မှု‌ရှိနေတာကို နွယ်ခံစားမိပါတယ်"

"အဲ့အတွက်နွယ်ဘယ်လိုဆုံးဖြတ်မလဲ"

"နွယ် စဉ်းစားနေတာတစ်ခုက.."

"ခင်တို့နှစ်ယောက်လုံးကမိန်းမသားတွေဖြစ်နေလို့မဟုတ်လား"

ဟုတ်ပါတယ် ကျွန်မတို့နှစ်ယောက်လုံးကမိန်းမသားတွေပါ။ပတ်ဝန်းကျင်‌ရဲ့ကဲ့ရဲ့မှုတွေကိုရင်ဆိုင်ရမယ်။မိဘတွေရဲ့နားလည်မှုကိုရယူရမယ်။ပုံမှန်အချစ်တစ်ခုမဟုတ်တဲ့အတွက်အပြစ်တင်ပြောဆိုသံတွေကိုခံနိုင်ရည်ရှိရမယ်။ထိုအကြောင်းများကြောင့်ရှေ့ဆက်ဖို့ကိုကြောက်ရွံ့ခဲ့တယ်။ယခုလက်ရှိလည်းကြောက်နေဆဲပါပဲသို့သော်အချစ်ရဲ့စွမ်းအားဟာအရာအားလုံးကိုရင်ဆိုင်ဖို့ခွန်အားတွေပေးတယ်။

"ပန်းခက်နွယ်ဆိုတဲ့မိန်းမပျိုလေးတစ်ဦးကိုမြတ်နိုးမိပါတယ်"

ပန်းပန်လျက်(Complete)Where stories live. Discover now