အပိုင်း(၈)

3.1K 302 0
                                    

သည်လိုနှင့်ခံစားချက်များကိုဖုံးကွယ်၍နေထိုင်လာသည်မှာ..ကျောင်းပိတ်ရက်တောင်ရောက်ခဲ့လေပြီဖြစ်သည်။

"ကဲ..အမတော်တို့ ဟိုတစ်ခါကကျောင်းပိတ်ရင်ခင့်ရဲ့‌မွေးရပ်မြေဖြစ်တဲ့စစ်ကိုင်းကိုလိုက်လည်ပါမယ်ဆိုတဲ့စကားကိုမှတ်ရောမှတ်မိကြသေးရဲ့လား"

"မှတ်မိတာပေါ့ အဲ့တာအတည်ပြောတာနော် တစ်ကယ်လိုက်မှာ"

"သုံးယောက်လုံးတစ်ကယ်လိုက်မှာသေချာတယ်နော်..."

"တစ်ကယ်ပါဆိုနေ"

"ဟုတ်ပြီ ဟုတ်ပြီ"

"ဒါနဲ့မသိလို့တစ်ခုမေးပါဦးမယ် ဒီရန်ကုန်တက္ကသိုလ်ကြီးအကြောင်းကိုစုံစုံလင်လင်သိရင်ပြောပြကြပါဉီးတော့်"

"အစောပြောပြမှာပေါ့ ဆရာမကြီးလုပ်တယ်လို့တော့မပြောကြေးနော်"

"မပြောပါဘူးရှင် ပြောပြ ပြောပြ ခင်လည်းသိချင်လို့..."

"နွယ်ရောပဲ"

"အစောကြားဖူးတာကတော့.......

ရန်ကုန်တက္ကသိုလ်ကို ၁၈၇၈ ခုနှစ်မှာစတင်တည်ထောင်ခဲ့တယ်လို့စာအုပ်စာပေတွေထဲမှာလေ့လာဖတ်ရှုဖူးတယ်။ အခုဆိုရင်နှစ်ပေါင်း ၁၀၀ ကျော်ပေါ့ကွာ။( ၂၀၂၂ ဆိုရင်ရန်ကုန်တက္ကသိုလ်ကြီးရဲ့သက်တမ်းဟာ ၁၄၄ နှစ်ပြည့်တော့မှာဖြစ်ပါတယ်)

ဒီရန်ကုန်တက္ကသိုလ်ကြီးဟာအရှေ့တောင်အာရှရဲ့အစောဆုံးတက္ကသိုလ်တွေထဲမှာတစ်ခုအပါအဝင်ဖြစ်တယ်တဲ့လေ။

ယခင်က...

ရန်ကုန်ကောလိပ် (၁၈၇၈)
အစိုးရကောလိပ် (၁၉၀၆)
တက္ကသိုလ်ကောလိပ် (၁၉၂၀)
ရန်ကုန်ဝဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်(၁၉၆၄)
အခုကတော့ ရန်ကုန်တက္ကသိုလ်ပေါ့။

ပြီးတော့ရန်ကုန်တက္ကသိုလ်ကြီးရဲ့ဆောင်ပုဒ်ကတော့...

"နိတ္ထိ သမံ ဝဇ္ဇာ မိတ္တံ" တဲ့လေ။

အဂ်လိပ်ဘာသာရပ်နဲ့လည်းဆောင်ပုဒ်တစ်ခုရှိသေးတယ်ကွ။

There's no friend like wisdom
(ပညာနှင့်တူသောမိတ်ဆွေမရှိ)တဲ့။

"အစောလည်းအဲ့လောက်ပဲသိတယ်ရော်"

"ဗဟုသုတရလိုက်တာအစောရယ် ကျေးဇူးတင်လိုက်တာ"

ပန်းပန်လျက်(Complete)Wo Geschichten leben. Entdecke jetzt