အပိုင်း(၁၀)

3K 257 0
                                    

"ဝါးး စစ်ကိုင်းမြို့လေးကသာယာလိုက်တာ"

"ဟုတ်ပါ့ နွယ်ရယ်"

"ဒါနဲ့ နွယ်တို့အခုဘယ်ကိုသွားကြမှာလဲ ခင်"

"အခုသွားမှာက ကောင်းမှုတော်(ရာဇာစူဠာမဏိ)စေတီတော်မြတ်ကြီးဆီကိုလေ..."

"ဟုတ်ပြီ ဟုတ်ပြီ"

မနက်စောစောထ၍မောင်တော်လေးကိုအိမ်တိုင်ရာရောက်သွားနှိုးကာစစ်ကိုင်းမြို့ရှိဘုရားအစုံဖူးရန်ထွက်လာခဲ့ခြင်းပင်ဖြစ်သည်။

"နွယ် ဟိုးးးမှာကြည့်လိုက်ပါဦး"

"ဝေါင်းး တောင်ရိုးတစ်လျှောက်မှာထုံးဖြူဖြူစေတီတွေပါလား"

"ဒါပေါ့ နွယ်ရဲ့ စစ်ကိုင်းတောင်ရိုးတစ်လျှောက်မှာရှိတဲ့များပြားလှတဲ့ထုံးဖြူဖြူစေတီတွေကစစ်ကိုင်းမြို့ရဲ့အမှတ်လက္ခဏာတစ်ခုပဲလေ"

"ဟုတ်လားခင် စစ်ကိုင်းမြို့အကြောင်းကိုနွယ်စိတ်ဝင်စားတယ် ပြောပြပါလားဟင်.."

"ပြောပြမှာပေါ့ နွယ်ရယ်"

စစ်ကိုင်းမြို့အကြောင်းထပ်မံသိချင်၍ပြောပြရန်မျက်နှာငယ်လေးဖြင့်တောင်းဆိုလာသောသူမ။သိပ်ကိုချစ်ဖို့ကောင်းပေသည်။

"အဲ့တာဆို ခင်ပြောပြမယ်နော် နားထောင်ကြမယ်မဟုတ်လား"

"နားထောင်မယ် နားထောင်မယ် ကားစီးရတာပျင်းနေတာနဲ့အတော်ပဲ"

"စစ်ကိုင်းမြို့ဟာမန္တလေးတိုင်းဒေသကြီးမှ ၁၂မိုင်ခန့်အကွာမှာရှိတဲ့မင်းဝံတောင်တန်းရဲ့အောက်ခြေမှာတည်ရှိတယ်တဲ့လေ...စစ်ကိုင်းတိုင်းမြို့ဟာရှေးဟောင်းသမိုင်းဝင်စေတီပုထိုးများစွာရှိသောမြို့တစ်မြို့လည်းဖြစ်တယ်"

"ကဲ ကဲ ကောင်မလေးတို့စကားနောက်မှပြောကြတော့ ရောက်ပြီဆင်းတော့"

"ဆင်းမှာပါ ဆင်းမှာပါ"

"ဟော...ဘာမှလည်းမပြောရသေးပဲနဲ့ဗျာ"

"မသိဘူး ဖယ် ဖယ်"

မျက်စိရှေ့ရန်ဖြစ်နေသော မောင်ဖြစ်သူနှင့်သူငယ်ချင်းဖြစ်သူ(အစော)ကိုကြည့်၍သုံးယောက်သားကြိတ်ရီနေမိသည်။

ပန်းပန်လျက်(Complete)Where stories live. Discover now