အပိုင်း(၇)

3.2K 326 2
                                    


"အဲ့တာဆို ကျွန်တော့်ကိုသွားခွင့်ပြုပါဦး.."

"ကြွ ကြွ"

"နောက်မှထပ်ဆုံကြမယ်နော် အမိ"

နွယ့်ဘက်ကိုမျက်စပစ်၍‌နောက်တစ်ခါထပ်ဆုံကြမယ်ဟုပြောလိုက်သောစကားကြောင့်ဒေါသထောင်းခနဲထွက်သွားမိသည်
။နွယ့်အနားမှာထပ်မတွေ့ချင်ပါဘူးဆိုတာကိုနောက်တစ်ခါထပ်တွေ့မတဲ့လား။ခဏနေပါဦးငါကဘာလို့ဒီလောက်ထိစိတ်ထဲမတင်မကျဘာလို့များဖြစ်နေရသလဲ။ဟင့်အင်း မဖြစ်နိုင်လိုက်တာ။

"ခင်ရေ ခင်"

"ရှင်"

"သွားကြရအောင်လေနော်"

"ဪ...အင်း အင်း"

"စိတ်နဲ့လူနဲ့မကပ်ဘူးလားခင်ရယ်"

"ကပ်ပါတယ် ဘာလို့လဲ"

"ဘာမှမဟုတ်တော့ပါဘူးလေ သွားကြမယ်နော်"

"ဟုတ်ကဲ့ပါရှင်"

သည်လိုနှင့်အဆောင်သို့ပြန်ရောက်ခဲ့လေသည်။
~~~~~~~~~~~~~~~~~~
မ‌နက်ထဲကတွေး‌တောမိနေသည့်အတွေးများကိုဆက်လက်၍တွေးတောနေမိသည်မှာနှစ်ယောက်လုံးပင်
။ပြသနာတစ်ခုကြောင့်ဘာလို့လဲဆိုသည့်အတွေးပေါင်းများစွာထပ်နေလေချေပြီဖြစ်သည်။

ငါ ငါ ခင့်အပေါ်...ဟာ...မဟုတ်လောက်ပါဘူးလေ သူငယ်ချင်း ဟုတ်တယ် သူငယ်ချင်းမို့လို့နေမှာပါ။

နွယ့်‌အပေါ်မှာငါဘာလို့အဲ့လိုတွေးမိနေတာလဲ နောက်ဆိုငါအနေအထိုင်ဆင်ခြင်ရမယ် ဟုတ်တယ် နွယ့်ဘက်ကဖြူစင်နေတဲ့စိတ်ကိုငါအရောင်ဆိုးမိသလိုဖြစ်သွားလိမ့်မယ်။

"ခင်ရေ"

"ရှင်"

"ဟိုဟာလေ.."

"အင်း ပြောလေ နွယ်"

"ဟိုဟာ...ခရေပန်းသွားကောက်ရအောင်လေနော်"

"ဪ အင်း အင်း သွားမယ်လေ"

ခရေပင်အောက်သို့ရောက်သောအခါ....

"နွယ် ဟိုအပွင့်လေးကောက် အဲ့တာလေးကဖြူတယ်"

"နွယ် ဟိုဟာလေးရောပဲ"

"နွယ်ရေ ဟိုနားလေးမှာ"

"နွယ်...."

........

ပန်းပန်လျက်(Complete)Where stories live. Discover now