𝖤𝗉𝗂𝗌𝗈𝖽𝖾 - 5

Start from the beginning
                                    

အန်တီ့၏အခြေအနေက အရင်အချိန်များကထက်တော့ ကောင်းလာပြီဖြစ်သည်။ အသိဝင်လာသည့်အချိန်မျိုးတွင် အံ့ဆွဲထဲတွင်သိမ်းထားသည့်ဓာတ်ပုံတစ်ခုကို ထုတ်ကြည့်နေတတ်သည်ဟု အကူသူနာပြုလေးက သူ့ကိုပြောသည်။ အန်တီ၏မိသားစုအကြောင်းကိုစုံစမ်းရန်ရှာဖွေချိန်၌ ထိုခလေးငယ်တစ်ယောက်၏ဓာတ်ပုံကို သူလည်းမြင်ဖူးသည်။ တစ်ထပ်တည်းတူညီသည့် နက်မှောင်သည့်မျက်လုံးဝိုင်းဝိုင်းတွေနဲ့ထိုခလေးလေးက အန်တီ့၏သားဖြစ်ဟန်တူသည်။

ဦးနှောက်က အချိန်အပိုင်းအခြားကို ဆင်ခြင်နိုင်ရန်ခက်ခဲသော်လည်း နှလုံးသားက သွေးသားကို တော့ မှတ်မိပုံရသည်။

............

ဂျောင်ကု အောက်ဆင်းလာချိန်တွင် အတော်လေးမှောင်နေပြီဖြစ်သည်။ ဝပ်အားကောင်းသည့်မီးချောင်းများကြောင့် apartmentဝန်းကျင်တွင်တော့ လင်းထိန်လျက်ရှိသည်။ ဆေးရုံမှပြန်လာပြီးပြီးချင်း စိတ်ညစ်ညစ်နဲ့ထမင်းစားလိုက်သော်လည်း သူ ထမင်းစားတဲ့အချိန်စောသွားသည်။ အခုက ခုနှစ်နာရီလောက်သာရှိသော်လည်း သူ့ဗိုက်ထဲက တဂွီဂွီနဲ့ ဆန္ဒပြလာတော့သည်။ ထမင်းလည်းထပ်မစားချင်တော့သည်မို့ အဆာပြေစားရအောင် သူအောက်ဆင်းလာရသည်။

ဒီနားက fast foodဆိုင်တစ်ခုခုမှ ဝင်စားလိုက်ရင်တော့ စစ်ဖြစ်နေသည့် သူ့ဗိုက်လေး ငြိမ်သွားလောက်သည်။ apartmentဝန်းထဲက ထွက်လာတော့ လျှပ်စီးတချို့က ညကောင်းကင်တွင်ဖြစ်ပေါ်သွားသည်။ မိုးရွာမည်ဟုသတင်းမှာကြေငြာထားသည်ကိုတော့ သူနားစွန်နားဖျား ကြားထားသည်။ အောက်လည်းရောက်နေပြီဆိုတော့ ထီးလည်းပြန်တက်မယူချင်တော့ပေ။ Hoodieဝတ်ထားတာကြောင့် မိုးရွာရင်ဦးထုပ်ဆောင်းပြီး ပြေးဖို့သာတွေးလိုက်တော့သည်။

"ကောင်လေး! ထီးယူသွားပါလား"

သူနှင့်ရင်းနှီးသည့်လုံခြုံရေးဦးလေးကြီးက လုံခြုံရေးစောင့်သည့်အဆောင်လေးထဲမှထွက်လာကာ သူ့ကို ထီးရှည်တစ်လက်ကမ်းပေးသည်။

"ကျေးဇူးပါ ဦးလေး။ ကျွန်တော်ပြန်လာရင် ဝင်ပေးမယ်နော်"

ဂျောင်ကုလည်း ဦးလေး၏စေတနာကို မငြင်းချင်သည်မို့ ထီးခေါက်ကိုလက်ကကိုင်ရင်း fast foodဆိုင်သို့ ချီတက်ရသည်။ ကားလမ်းတစ်ဖက်မှ Subwayဆိုင်သို့ လမ်းကူးလိုက်ချိန် ထိုဆိုင်ထဲတွင်ထိုင်နေသည့်ပုံရိပ်လေးတစ်ခုကို ဂျောင်ကုလှမ်းတွေ့လိုက်သည်။ ထိုပုံရိပ်‌လေးအား အပြင်မှာရပ်ပြီးငေးကြည့်နေမိချိန် "ဂျိန်း"ခနဲ မြည်လာသည့်မိုးခြိမ်းသံကြောင့် ဆိုင်ထဲကိုခပ်သွက်သွက်ဝင်ရသည်။ ကောင်တာမှာmenuမှာပြီး ထိုပုံရိပ်လေးရှိရာစားပွဲသို့ ရောက်အောင်သွားလိုက်သည်။

𝖳𝗁𝖾 𝖡𝗅𝖺𝗓𝖾Where stories live. Discover now