" ချီးပဲ! "

သို့သော် နျဲ့ချင်းချန်သည် လျင်မြန်စွာ သတိပြန်ဝင်လာပြီး နီမြန်းနေသော ကုပိုင်ကို ကြည့်ကာ ခပ်တိုးတိုး ဆဲရေးလိုက်သည်။

မည်းပုပ်နေသောမျက်နှာဖြင့် သူသည် စားပွဲပေါ်မှ ရေသန့်ဘူးကို လှမ်းယူကာ ပူလောင်နေသည့်လူပေါ် လောင်းချလိုက်သည်။

" လုရုံချင်း နိုးထစမ်း! "

ရေအေးအေးများ သူ့မျက်နှာပေါ်သို့ ဖျန်းပက်ခံလိုက်ရသောအခါ ခန္ဓာကိုယ်ထဲရှိအပူမီးများ ချက်ချင်း ငြိမ်းသွားသည်။ ကုပိုင်သည် နောက်ဆုံးတွင် ကြည်လင်လာပြီး သတိဝင်လာသည်။

နျဲ့ချင်းချန်၏မည်းမှောင်နေသော မျက်နှာကို ကြည့်လိုက်၊ တစ်ဖက်လူ၏ပေါင်ကို ဖက်တွယ်ထားသဖြင့် ဖရိုဖရဲဖြစ်နေသော အဝတ်အစားများကို ကြည့်လိုက်နှင့် သူ့မျက်နှာသည် ရုတ်တရက် တောင့်တင်းသွားသည်။

သို့သော် သူ ချက်ချင်း လွှတ်ပေးရန် မရည်ရွယ်ထားပေ။ ဇာတ်လမ်းတစ်ခုလုံးတွင် နျဲ့ချင်းချန်သည် ဖုံးကွယ်ထားသော ဘော့စ်အကြီးစားဖြစ်သည်။
ပြန်လည်မွေးဖွားပြီးနောက် ဝူကျန်းကျန်းသည် အစွမ်းထက်သော်လည်း သူမက တိုက်ပွဲအသေးစားသာသာပင်။ ဝူမိသားစုနှင့် နျဲ့မိသားစုသည် လုံးဝကွဲပြားသည်။

မူလလုရုံချင်းသည် ရူးမိုက်လွန်းသည်။ သိသိသာသာပင် သူ့တွင် နျဲ့မိသားစု၏ ကျောထောက်နောက်ခံ အခိုင်အမာ ရှိသည်။ သွေးမတော်သားမစပ်ပေမယ့် သူ့ကို စောင့်ရှောက်ပေးသည့် အစ်ကိုကြီးလည်း ရှိသည်။ တကယ်တော့ သူက သေးနုပ်တဲ့ အိမ်ခြံမြေရောင်းသမားဆီက ဖယ်ရှားလိုက်ရတာပဲ!

နျဲ့ချင်းချန်က သူ့ကို မုန်းသွားအောင် ရူးရူးမိုက်မိုက်တွေ လျှောက်မလုပ်သရွေ့ နျဲ့ချင်းချန်က သူ့ကို ဂရုစိုက်ပေးပြီး သူ့ကို စွန့်ပစ်မှာ မဟုတ်ဘူးလို့ သူ ယုံတယ်။

နျဲ့ချင်းချန်ကို အသုံးချနိုင်သည်ဖြစ်စေ မချနိုင်သည်နိုင်စေ နျဲ့မိသားစုက သူရဲ့ကျောထောက်နောက်ခံပဲ!

တစ်နည်းပြောရရင် သူက နျဲ့ချင်းချန်ရဲ့ရွှေပေါင်လုံးကြီးကို ဖက်တွယ်လိုက်ရုံနဲ့ သူ့မစ်ရှင်ပြီး​ဖို့ အခွင့်အလမ်းက 90%ထိ မြင့်တက်သွားနိုင်တယ်....

ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်Where stories live. Discover now