"32"

26.5K 2K 47
                                    

Unicode

လတ်တလောကပင် ဆေးအသစ်ထပ်သုတ်ထားသော ခုံတန်းလျားအဖြူလေးက ရိုးရိုးရှင်းရှင်းနှင့်ပင် တော်ဝင်ဆန်နေသည်။ နွေဦးဝင်စဖြစ်၍ လေရူးတို့က တသုန်သုန်။ အနီးအနားတွင်ရှိနေသော ကံ့ကော်ပင်တို့မှ အရွက်များအချင်းချင်းပွတ်တိုက်နေသံကို အတိုင်းသားကြားနေရသည်။

"ရှင်းရှင်းနို"

"အင်"

ထူးသံပြုလိုက်ပြီးမှ တစ်ဆက်တည်းပြုံးမိသွားသည်။

ရှင်းရှင်းနို။

ဒါဟာ ယခုနောက်ပိုင်း ခေါင်းစိမ်းမကြာခဏရေရွတ်တတ်သော နာမ်စားတစ်ခုဖြစ်သည်။

တမင်ညစ်ချင်၍ စ,နောက်လိုက်သောစကားကို အတည်မှတ်ယူသွားသောရေခဲတုံးက နောက်တစ်နေ့နံနက်မှာပင် သူစဥ်းစားလာခဲ့သောနာမည်ကို မျက်နှာသေကြီးနှင့် စ,ခေါ်ခဲ့တာဖြစ်သည်။ သူများတွေလို ထူးထူးခြားခြား၊ ချိုချိုပိုပို၊ romanticဆန်ဆန်တော့မဟုတ်။ 'ရှင်းရှင်းနို'ဟူ၍ဖြစ်သည်။ ဒါတောင် ဆရာသမားက တစ်ညလုံးမအိပ်ဘဲ ဇွဲနပဲကြီးကြီးနှင့် အကြိတ်အနယ်စဥ်းစားလာရကြောင်း ညိုမှိုင်းနေသော မျက်ကွင်းတို့က သက်သေ။

သူ့မှာ ထိုနာမည်ကို ကြားကြားချင်းတုန်းက ရယ်သံမထွက်မိအောင် မနည်းပင်ထိန်းထားခဲ့ရသေးသည်။

ဒီ,ရေခဲတုံးလိုကောင်က တကယ့်ကို ချစ်စရာကြီး။

"မနက်ဖြန် နယ်တွေဘက်ခရီးသွားစရာရှိတယ်"

"ဘာသွားလုပ်မှာလဲ"

"Hotelတွေသွားကြည့်ရမှာ"

မျက်ခုံးတစ်ချက်ပင့်လိုက်မိခြင်းနှင့်အတူ ခေါင်းစိမ်းထံအကြည့်ရောက်သည်။

"အဖေက သူ့ဟိုတယ်လုပ်ငန်းတွေအားလုံးကို ငါ့ဆီအကုန်လွှဲပေးချင်နေတယ်..ဒါကြောင့် နယ်ဘက်က ဟိုတယ်တွေကနေစပြီး ဖြည်းဖြည်းချင်းလက်ပြောင်းယူစေချင်နေတာ"

ခေါင်းစိမ်းက သူ့အကြည့်ကိုသိနေသည့်အလား တစ်ဆက်တည်းဖြေလာသည်။ သေချာအာရုံစိုက်နားထောင်နေရင်း ခေါင်းကိုအသာအယာညိတ်လိုက်သည်။

ခေါင်းစိမ်းတော့ အလုပ်များတော့မှာပဲ။

"မင်းကုမ္ပဏီကရော"

GreenHead {ခေါင်းစိမ်း}Where stories live. Discover now