"3"

37.3K 3.5K 313
                                    

Unicode

အိမ်တံခါးမကြီးရှေ့သို့ ခြေချမိလိုက်သည်နှင့် အိမ်အတွင်းထဲသို့ ကိုယ်လေးကိုင်းကာ အရင်လိုက်ချောင်းကြည့်လိုက်သည်။ Enemy(ရန်သူတော်ကြီး)အား အစအနသော်မျှ မမြင်ရတော့မှ သက်ပြင်းလေးချကာ စီးထားသည့်ဖိနပ်ကို ချွတ်လိုက်ပြီး အိမ်ထဲသို့ ခြေသံဖွဖွနင်း၍ဝင်လိုက်၏။

"ဒါဘယ်က ပြန်လာပြန်တာလဲ"

"အောင်မယ်လေး လေး"

ဘေးပတ်ပတ်လည်ကို ကျီးကြည့်ကြောင်ကြည့်ဖြင့် သတိထားနေသည့်ကြားမှ Enemyကြီးက ဘယ်အပေါက်ကနေ ထွက်လာသည်မသိ။ သူ့ရှေ့ ဘွားခနဲပေါ်လာသည်။

သူပြောသည့် Enemyဆိုတာက မွေးကတည်းက သူနှင့်အပေါက်အလမ်းမတည့်သည့် ကျွေးသဖခင်ကြီးဖြစ်သည်။

ကျွေးသဖခင်။ အင်း အမေက မွေးခဲ့တာဆိုတော့လည်း အဖေက ကျွေးသဖခင်ဖြစ်သွားတာပေါ့။

"မင်းကို ငါမနေ့ကတည်းက ဘာပြောထားသလဲ"

မျက်နှာကို ရှုံ့မဲ့ပစ်လိုက်သည်။

"ဘာလဲ မမ ကြင်ရာဖက်တွေ့မယ့်ကိစ္စလား..အဲဒါ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ"

"ဟ မင်းလည်း သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ထားရမှာပေါ့ကွ"

"ပြင်နေရအောင် ကျွန်တော်နဲ့ညားမှာမှမဟုတ်ပဲ ဖားသားကြီးရယ်"

"ဘာကွ"

အော်သံကြီးက ဟိန်းခနဲ။ ကြည့်ပါလား ဒါတွေမတည့်တာ။ သူပြောတာ ဘယ်နားမှာ မှားနေလို့လဲ။

"မဟုတ်မှ ကျွန်တော်နဲ့ဆိုင်တဲ့ သမက်ရချင်နေတာတော့ မဟုတ်ဘူးမို့လား"

"စေထင်ရာစိုင်း"

မျက်နှာကြီးနီလာသော အဖေဖြစ်သူကို မျက်မှောင်ကြီးကြုတ်ပြီး မကျေမနပ်ပြန်ကြည့်ပေးလိုက်သည်။ ဒီကျက်သရေမရှိတဲ့ နာမည်ကြီးကို အကျယ်ကြီးခေါ်ပြန်ပြီ။

နာမည်အကြောင်း စဥ်းစားမိတိုင်း အမေ့ဗိုက်ထဲသာ ပြန်ဝင်လိုက်ချင်သည်။ ဘယ့်နှယ် တစ်ယောက်တည်းမွေးထားတဲ့ သားကို ဒီနာမည်ကြီးပေးဖို့ ဘယ်လိုများ တွေးမိခဲ့ကြပါလိမ့်။ အိုင်းစတိုင်းတို့ နယူတန်တို့ထက်တောင် ဘရိန်းက ရှေ့အပြေးလွန်သွားလို့များလားတော့မသိ။

GreenHead {ခေါင်းစိမ်း}Where stories live. Discover now