"7"

32.9K 2.9K 164
                                    

Unicode

"ဒီနေ့ ဆရာက ရုံးစောစောဆင်းပေးမယ်တဲ့ဟေ့"

မန်နေဂျာအစ်မတစ်ယောက်၏ ကြေညာမောင်းခတ်သံအဆုံးတွင် အလုပ်ကိုယ်စီလုပ်နေကြသော ဝန်ထမ်းများက ဝေးခနဲ ဖြစ်သွားကြသည်။ နွမ်းလျနေသော မျက်နှာထားတို့က ချက်ချင်းလက်ငင်းပင် ဝင်းပကြည်စင်သွားကြ၏။

"ငါတို့Bossက ရုပ်ကလေးချောရုံတင်မကဘူး..စိတ်ရင်းစိတ်ထားလေးကလည်း ကောင်းလိုက်တာ..နော်"

ဘေးက သူငယ်ချင်းမ,ဖြစ်သူ ဝင့်ဝါ၏ ပြီတီတီစကားသံကိုကြားတော့ စေထင်ရာစိုင်းက မျက်နှာကို သိသိသာသာမဲ့ပစ်လိုက်သည်။

"အဲလောက်ကြီးလည်း မဟုတ်ပါဘူး"

"ဟဲ့ ဘာမဟုတ်ရမှာလဲ..ကိုကိုဆန်းက တကယ်လည်း အဲလိုပဲဟာ"

"ဘာ..ကိုကိုဆန်း"

ထိုင်နေရာက ဝုန်းခနဲ ထရပ်လိုက်တော့ ဝင့်ဝါက ပြူးတိပြူးကြောင် ကြည့်လာသည်။

"ဘာဖြစ်လို့လဲ"

"နင် ဘာမှမသိဘဲနဲ့..အဲလူက ကောင်းတာမဟုတ်ဘူး"

"ငါ့မျက်စိထဲမှာတော့ ကောင်းလွန်းလို့ ကျော်တောင်ထွက်နေပြီ"

ထိုင်ခုံပေါ်ကို မကျေမနပ်ဖြင့် ဆောင့်ဆောင့်အောင့်အောင့် ပြန်ထိုင်ချလိုက်သည်။

တစ်ခါလာလည်း ကောင်း၊ နှစ်ခါလာလည်း ကောင်းနဲ့ တကောင်းတည်းကောင်းနေလိုက်ကြတာများ။

ဟိုဘဲကြီး ဘယ်လောက်စွာမှန်း သူတို့ဖြင့်မသိကြဘဲနဲ့။

"မောင်လေးထင်ရာစိုင်းရေ Bossက သူ့အခန်းထဲ ခဏလာခဲ့ပါဦးတဲ့"

သူ့နာမည်ကိုကြားလိုက်သည်နှင့် အခန်းတွင်းရှိ လူအားလုံးက တခွီးခွီး။

တကယ်ပါပဲ။ နာမည်အပြည့်အစုံတစ်ခုလုံးမှာ ကောင်းတာဆိုလို့ တစ်လုံးတည်းပါတဲ့ "စေ"ကိုကျ တက်ညီလက်ညီ ဖြုတ်ချထားခဲ့ကြပြီး ဟိုမကောင်းမကန်းနာမည်ကြီးကိုပဲ ပါးစပ်ကမချတမ်း ခေါ်နေလိုက်ကြတာများ။

မသိမသာခိုးရယ်နေကြခြင်းဖြစ်၍ ဝုန်းဒိုင်းကြဲပြီး ပြဿနာထရှာလို့ကလည်းမရ။

GreenHead {ခေါင်းစိမ်း}Where stories live. Discover now