( Crd pic - Pinterest )

Hoseok က သူ့ဖုန်းထဲက Yoongi ပုံကို ကျွန်တော်တို့ကို ထုတ်ပြတယ်။

ဒီကောင် သူ့မျက်နှာလှလှလေးရဲ့ပုံကို လူတိုင်းဆီ လိုက်ပို့နေတာလား။

"အဲကောင် အခု ဘယ်ရောက်နေတာလဲ ငါသွားထိုးပစ်မယ်"

တကယ် ထိုးပစ်ချင်နေပြီ

မျက်နှာကြီးလည်ထွက်သွားအောင် ထိုးပစ်လိုက်ချင်တာ။

"သွားထိုးသွား ... အခု Seoul International Airport မှာ မင်းအခုသွားထိုးရင်မီသေးတယ်"

ကျွန်တော် အမြန်ထွက်ပြေးလာလိုက်မိတယ်။

ကားသော့တောင်ပါမလာဘူး။

ရတယ် .. Taxi ငှားပြီးလိုက်မယ်

သူဒီလို ဘာအကြောင်းပြချက်မှ မရှိဘဲ ကျွန်တော့်ကိုထားသွားလို့ ဘယ်ရမလဲ။

ကျွန်တော် လေဆိပ်ရောက်တော့ UK လေဆိပ်ဘက်ကို အမြန်လျှောက်လာမိတယ်။

လမ်းလျှောက်တာနဲ့ မတူဘူး ပြေးနေမိတာ

တကယ်ဆို ကျွန်တော်သူ့ကိုဒေါသထွက်ပေမယ့် အခု ကျွန်တော် ငိုချင်ချင်‌ဖြစ်နေပြီ။

သူကျွန်တော့်ကို ဘာမပြောညာမပြောနဲ့ လက်လွှတ်စပယ်ကြီး ပစ်မထားခဲ့သင့်ဘူးလေ။

ကျွန်တော်မကျန်ရစ်ချင်ဘူး။

ကျွန်တော်သူ့ကို အတင်းအဓမ္မဆွဲခေါ်ထားချင်တယ်။

လေကြောင်းလိုင်းရဲ့နာမည်နဲ့အတူ ခရီးစဉ်ထွက်ခွာမယ့်အကြောင်းကို တာဝန်ရှိတဲ့ သူက အားလုံးကြားအောင် လှမ်းအော်နေပါပြီ။

Yoongi ဒီ လေယာဉ်မှာ ပါသွားမှာလား။

"Yoongi"

ကျွန်တော် ပတ်ဝန်းကျင်တစ်ခုလုံးကို ခြာလပတ်ယမ်းနေအောင်လှည့်ကြည့်ပြီး သူ့နာမည်စလေးကိုညည်းတွားနေမိတယ်။

ကျွန်တော် ချန်ရစ်ခဲ့တာကို ခံလိုက်ရပြီ။

သူကျွန်တော့်ကို ထားရစ်ခဲ့ပြီ။

ကျွန်တော် အချစ်လည်း မခံရလောက်တော့ဘူး။

ကျွန်တော့်ရဲ့ဆိုးဆိုးဝါးဝါးအပြုအမူတွေကိုသူ စိတ်ကုန်သွားတာပဲနေမှာ။

Strawberries And Cigarettes ( U+Z )Where stories live. Discover now