Chapter 2 ( U+Z )

416 37 3
                                    

~ Min Yoongi

ကျောင်းရောက်တော့ ကျွန်တော်သူ့ကိုနေရာအနှံ့လိုက်ရှာနေမိတယ်။ကျွန်တော်သူနဲ့တွေ့ခွင့်ရဖို့အတွက်စိတ်ပျက်စရာကောင်းတဲ့ညတာကြီးကို
အားခဲထားခဲ့ရတာ။ ဒီကောင်လေးကို မတွေ့ရရင် ဒီညလည်း ထပ်ပြီး အိပ်ပျော်နိုင်ဦးမှာမဟုတ်ဘူး။

"Park Jimin" သူ့နာမည်လေးကိုခပ်တိုးတိုးရေရွတ်ပြီး ‌အသည်းအသန်ရှာနေပေမယ့်လည်း မတွေ့ဘူး။

"Taehyung ...ညက အတူသောက်ဖို့ လိုက်လာတဲ့ မင်းသူငယ်ချင်း"

ကျွန်တော် စကားကိုဆုံးအောင်မပြောရသေးခင်မှာပဲ

"Jimin .." ဆိုပြီးသူကရေရွတ်လာတယ်။

‌ခေါင်းကိုခပ်သွက်သွက်ငြိမ့်ပြတော့

"ငါနဲ့ အခန်းမတူဘူး" တဲ့လေ။

"ဘယ် Section ကလဲ .."

"F"

"ကျေးဇူး Tae"

သူ့အရှေ့ကနေကျွန်ဝောာ်အမြန်ဆုံးထွက်ပြေးလာလိုက်တယ်။ခါတိုင်း ဒီအချိန်က ကျွန်တော် အိပ်ပျော်နေကြအချိန်တွေပါ။ ဒီနေ့ကျမှ တကယ့်ကိုရင်တွေ တ"ဒုန်း ဒုန်း"တ"ဒိုင်း ဒိုင်း"နဲ့။

ကျောင်းမှာနေရာအနှံ့ကျွန်ဝောာ်မူးနောက်အောင်လိုက်ရှာခဲ့ပေမယ့် သူ့ကိုမတွေ့ရဘူး။

ကျောင်ဈးဆင်း‌ရင်တော့ကျွန်တော်သူ့ကိုတွေ့နိုင်လောက်မှာပါ။

Yeosel University ရဲ့ Law School အပြင်ဖက်နားလေးမှာကျွန်တော်ထောင့်ကပ်ရင်းစောင့်နေမိတယ်။

"Park Jimin .. Park Jimin"

သူ့နာမည်လေးကိုလည်း တဖွဖွရေရွတ်နေမိသေးတယ်။

သူ‌ထွက်လာပါပြီ။ ကျွန်တော် ရပ်နေရင်းကနေ အမြန်ပြေးထွက်သွားပြီး သူ့လက်ကောက်ဝတ်ကို ပြေးဆွဲမိတယ်။

မျက်ခုံးလှလှလေးတွေကိုပင့်တင်ရင်း မေးကိုငေါ့ကာ "ဘာလဲ" ဆိုတဲ့ အကြည့်မျိုးနဲ့ ကျွန်တော့်ကို ကြည့်တယ်။

"Park Jimin"

ဘေးဘီဝဲယာကိုတောင်ကျွန်တော် သတိမထားနိုင်တော့ဘူး။ သူ့လက်ကောက်ဝတ်ကို အားကုန်သုံးရင်းဆောင့်ကာ ဆွဲလာမိတယ်။

Strawberries And Cigarettes ( U+Z )Where stories live. Discover now