Chapter 4 ( U+Z )

360 34 2
                                    

Unicode

IG new feed မှာ တက်လာတဲ့ Jimin ရဲ့ caption မပါတဲ့ ခပ်မှောင်မှောင် မထင်မရှား ဓာတ်ပုံငယ်ငယ်အား Yoongi ချဲ့ကာ ကြည့်မိသည်။

ညသန်ခေါင်ကျော်ကျော်ကြီး စီးကရက်တစ်လိပ်အား လက်ညှိုးနှင့် လက်ခလယ်ကြား ညှပ်ရင်း တမြတ်တနိုးနဲ့ငေးငိုင်ခြင်းခံနေရတဲ့ Yoongi ရဲ့ ပျော်ရွှင်မှုလေး။

‌စီးကရက်မီးခိုးငွေ့တွေကြား လွင့်ပျယ်နေတဲ့ Park Jimin ရဲ့ ကိုယ်ပိုင်ရနံ့လေးတွေကို ရှူရှိက်ရင်း ဖုန်းမျက်နှာစာပေါ်က ဒီကောင်ငယ်လေးရဲ့ ပုံရိပ်ကို ငေးငိုင်နေခြင်းဖြစ်သည်။

Account ထဲဝင်ကြည့်တော့ သိန်းနဲ့ချီတဲ့ followers တွေ နဲ့ အတူ Zero ဖြစ်နေတဲ့ Follow back များ။

လတော်တော်များများကြာမှ post တခါတင်ပုံရသည့် Park Jimin ၏ IG acc သည် အမြဲတမ်း ကောင်မလေးများနှင့် စည်ကားနေသည်။

"ချစ်စရာလေး"

Yoongi ခပ်တိုးတိုးရေရွတ်မိသည်။

ဒီလောက်အပြစ်ကင်းစင်ပြီးချစ်စရာကောင်းလွန်းတဲ့ ကောင်လေးရဲ့ ပုံကို ဘယ်သူကများ ရိုက်ပေးတာလဲ ... Min Yoongi သိပ်သိချင်သည်။

နောက်ပြီး ထို လူကို ဘယ်သူဘယ်ဝါမှန်းမသိတာတောင်မှ အသည်းခိုက်အောင် မနာလိုဖြစ်မိသည်။

ဒီပုံရိပ်လှလှလေးတွေကို ပုံရိပ်ပိုင်ရှင်ပင်မမြင်ရသေးခင် သူက အရင်မြင်ခွင့်ရချင်သည်။

"Park Jimin ကို ပိုင်ဆိုင်ချင်လိုက်တာ ... ဒီ မျက်ဝန်းပြာပြာ နဲ့ကလေးငယ်လေး ဂျင်းဘောင်းဘီအမည်းရောင်ဒူးပြဲလေး အမြဲဝတ်တတ်တဲ့ စတော်ဘယ်ရီကိုယ်သင်းရနံ့ပိုင်ရှင်ကောင်လေးက စီးကရက်တွေသိပ်သောက်တယ်"

လေပူတစ်ချက် ခပ်ပြင်းပြင်းမှုတ်ထုတ်တယ်။

ဒီညလည်း သူ ဒီကောင်ငယ်လေးကို အရင်နေ့တွေလို အမြဲမပြတ် သတိတရနဲ့ လွမ်းနေရမယ့် အကြောင်းကို ပြန်တွေးရင်း ခပ်ရေးရေးပြုံးပြန်သည်။

_
_
_
_
_
_
_

~Min Yoongi

"Jimin"

Locker အခန်းထဲကနေ ခပ်သွက်သွက်ပြေးထွက်ဖို့ပြင်နေတဲ့ ကောင်ငယ်လေး ရဲ့ လက်ကောက်ဝတ်ကိုကျွန်တော် နည်းနည်းခပ်ပြင်းပြင်းလေးဆွဲလိုက်မိပြီ။

Strawberries And Cigarettes ( U+Z )Where stories live. Discover now