Final ( U+Z )

589 43 6
                                    

One Month Later ...

~Park Jimin

အားလုံးအနည်ထိုင်သွားလို့ တည်ငြိမ်သွားတာလား။ Min Yoongi က ကျွန်တော့်အရှေ့ကို နည်းနည်းလေးမှရောက်မလာတော့ဘူး။

ကျွန်တော်သူ့ကိုတွေ့ချင်နေတယ်ဆိုတာကို သူနည်းနည်းလေးမှ မတွေးမိဘူးထင်တယ်။ တကိုယ်ကောင်းဆန်လိုက်တဲ့ကောင်။ တွေ့မှ ဘာစကားမှမပြောဘဲ ထိုးပစ်ဦးမယ်။

"ညကျရင်သောက်ကြမလား Bro တို့"

ကျွန်တော်တို့ အားလုံး Taehyung အိမ်မှာ ပက်လက်မှောက်ခုံ ပုံစံမျိုးစုံနဲ့ လှဲနေကြတယ်။

Yoongi အိပ်နေကြ ဆိုဖာပေါ်မှာတော့ နေရာလွတ်နေတယ်။သူမှရှိမနေတာကို။

"သောက်ဖို့အတွေးပဲရှိ‌တယ်နော် မင်းဦးနှောက်ထဲမှာ"

Jin က Hoseok ရဲ့ နားရင်းကို ခပ်နာနာလေး အုပ်လိုက်တယ်။

"ငါ နည်းနည်းဝမ်းနည်းနေလို့လေ မင်းတို့က ငါ့ကိုအဖော်မလုပ်ပေးချင်ကြဘူးလား"

"ဘာတွေ ဝမ်းနည်းနေတာလဲ"

Taehyung က Hoseok ရဲ့ ဖင်ကိုအားနဲ့ကန်ထည့်လိုက်တယ်။

"Yoongi UK မှာ ကျောင်းသွားတက်တော့မှာလေ သူငယ်ချင်းတစ်ယောက်လုံးနိုင်ငံရပ်ခြားမှာ ပညာရှာ‌ဖို့သွားတာ နည်းနည်းဝမ်းနည်းမိတယ်လေ။ မင်းတို့မှာ နှလုံးသားမှမရှိတာ ဒါတွေဘယ်ခံစားတတ်ပါ့မလဲ"

"ဘာလဲ Yoongi က UK မှာကျောင်းသွားတက်မှာတဲ့လား"

ဘယ်လောက်တောင် မှ စိတ်ပျက်စရာကောင်းလိုက်သလဲ။

ဒီကောင်က ကျွန်တော့်ကို နည်းနည်းလေးမှ မပြောပြဘူး။ ဘာလဲ ကျွန်တော်က သူ့စိတ်ထဲနေရာတနေရာလေးမှတောင်ရှိမနေဘူးလား။

ဒါမှမဟုတ် အသစ်တွေ့နေပြီလား။

"အခုလေဆိပ်တောင်ရောက်နေပြီ ဒီမှာလေ ငါ့ကိုပုံပို့ထားတာ"

"အခုလေဆိပ်တောင်ရောက်နေပြီ ဒီမှာလေ ငါ့ကိုပုံပို့ထားတာ"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Strawberries And Cigarettes ( U+Z )Where stories live. Discover now