"ကျွန်တော်က ဆိုးလည်းဆိုးတတ်တယ်နော်"
"wow wow အေးဆိုးကြီးပေါ့"
Jungkookနဲ့ ဒီလိုပြောနေရတာကို သဘောကျမိတယ်
လွတ်လပ်နေသလို ခံစားရတယ်
ရှက်တာရယ် လန့်တာရယ်လို့လည်း မတွေးမိ"အင်း......."
"ဟား...ဟား....ဟုတ်ပါပြီ ထားပါဗျာ ထားပါ"
"...ကျွန်တော်က.....
ခံစားချက်ကိုထုတ်မပြတတ်ဘူး...
အနေအေးလွန်းတယ်တဲ့....
""......."
"ဟုတ်တာတော့ ဟုတ်ပါတယ်
အနေအေးတော့
မိတ်ဆွေအပေါင်းအသင်းရှားတယ်
အိမ်လူတွေနဲ့တောင် သိပ်ပြီးအစေးမကပ်ဘူး
အဲတာကလည်း...
ကျွန်တော် ရောဂါကြောင့်ပါ... ""မေကြီးကပြောတယ် သားမေ့လဲတဲ့နေ့တုန်းက
Jungkookငိုပြီး အမောဖောက်ချင်နေတယ်တဲ့""အမောဖောက်တာထားပါ မငိုပါဘူး အသက်ရှူကြပ်လို့ မျက်ရည်ထွက်တာ အဲတာက"
"ဟုတ်ပါပြီ
ဘယ်လိုနေနေ ပြောချင်တာက တခြားပါ
ရောဂါက မွေးရာပါလား အမောဖောက်တယ်ဆိုတော့
နှလုံးရောဂါတစ်ခုခုရော ဖြစ်နေသလား?""မွေးရာပါလည်း မဟုတ်ပါဘူး
အရင်က တအားဆိုးခဲ့တာမို့ ရောဂါရသွားတာနေမယ် အဘိုးကို ရွတ်ပြီးဆေးလိပ်သောက်တယ် ကုန်ကုန်ပြောရရင် ဆေးပါသုံးခဲ့သေးတယ် ""ဟမ် မင်း ဒီအရွယ်လေးနဲ့ ဆေး ဟုတ်လား?
အခုတောင် မင်းလူလုံးလုံးမဖြစ်သေးဘူးနော်""ရွဲ့တာ ရွတ်တာပါဆို"
"မလုပ်ကောင်းဘူးလေ အခုတော့ ရောဂါရပြီ
အဆုတ်တွေ အသည်းတွေထိရမှာကို ဘာလို့ နှလုံးထိသလားမသိဘူး ဒီကလေး""ကာကွယ်သူမရှိသေးလို့ နှလုံးက
ပိုင်ရှင်မဲ့နေတော့ ဒဏ်ရာရသွားတာ""Jungkook အခုနောက်နေသေးတာလား?
လွှတ်.... ဒီလက်...."အခုထိ ဆုပ်ကိုင်ထားသော လက်တို့သည်ကား
မြဲမြန်နေဆဲ တီတီတာတာ ပြောနေတာလည်းမဟုတ်
သူကိုအော်နေတာတောင် ပြုံးကာကြည့်နေသည်
မသိမသာ ပါးချိုင့်တို့က ထင်ပေါ်လျက်"ပြီးပြီးသားကိစ္စကို အခုစိတ်တိုနေတာလား?"
"ထား ထား အဲတာနဲ့ဘဲ အမောဖောက်တာက ဘယ်လိုဖြစ်"
YOU ARE READING
~🍂 The Way We Met 🍂~(Complete)
Romanceစိတ်ကူးယဉ်ပါနော် စိတ်ကူးယဉ်ဆန်ဆန်ကို မဟုတ်တဲ့ စိတ်ကူးယဉ်ပါနော် ဘာလို့လဲဆိုတော့ Ficကိုသာ ဖတ်ကြည့်ပါနော် Fic coverက ပုံကိုinspireယူပြီး စိတ်ကူးယဉ်မှာမို့ အစကတည်းက ကြို သတိပေးပါရစေ ပုံလေးကို ဆွဲတဲ့Artistကို crdပေးပါတယ် အစက ပုံလေးကို နည်းနည်းeditမယ်ြ...
Part 18🍂Zawgyi
Start from the beginning