"နင်..နင်တို့ တောက်"

"ဘယ်စပွန်ဆာနဲ့ခံပြီး ပါတီတက်ရလဲမသိဘဲနဲ့များ ကိုကိုကဖိတ်လို့တဲ့ ခွီးး"

"ပြောမနေပါနဲ့ ထရစ်ရယ် သူကပြောရဲဆိုရဲ
ရပ်ကွက်မှာကြီးလာတာနေမယ် ဟားဟား"

ဗန်စီတစ်ယောက် ရှက်လဲရှက်ဒေါသလဲထွက်
ကာ ဝိုင်ခွက်ဖြင့်ပက်လိုက်ချိန် ပီတာတို့နှစ်
ယောက်ကိုမထိဘဲ ဒီမွန်နဲ့ဂျိမ်း၏ရင်ဘက်အား
ပေကုန်သည်။

——

Uni

တစ်ပတ်အကြာတွင် ထရစ် ဆေးရုံကဆင်းလေ
သည်။လမ်းလျှောက်နိုင်ပေမယ့်စိတ်ပူလွန်တဲ့
ဂျိမ်းက ထရစ်အား ဝှီးချဲဖြင့်သာတင်ပြီးဆေးရုံ
ပြင်ထွက်လာသည်။

"Hi ဂျိမ်း သူလေးကရှင်ချစ်သူလား"

" ဗန်စီ မင်းကဘာလာလုပ်တာလဲ"

"အမှန်တိုင်းပြောရရင်တော့ ရှင့်ကိုလာတွေ့တာ
ဘဲ... ဟေ့ ဂျိမ်းရဲ့ကောင်လေး မင်းအရင်ထွက်
သွားပေးနိုင်မလား မင်းမေ့နေတဲ့တစ်လျောက်
မင်းလူနဲ့တို့ ဇာတ်လမ်းလေးတွေရှိလို့"

"ကိုကို!ခများ..."

"No သူပြောတာတစ်ခုမှမဟုတ်ဘူး အဲ့မိန်းမက
လင်တရူးနေတာ "

"အဟင်း တို့ကဘာစကားများမှားသွားလို့လဲ
ဒါနဲ့ ဂျိမ်းရဲ့ကောင်လေးက အောက်ပိုင်းသေနေ
တာလား ကျွတ်ကျွတ် သနားစရာဘဲ "

"ဒီမှာ အမကြီးက ဘာသိလို့ကျုပ်ကိုလာပြော
နေတာလဲ လမ်းလျောက်လို့ရတယ် ကိုကိုက
ကျုပ်ညောင်းမှာစိုးလို့ ချစ်လွန်းလို့စိတ်ပူပြီး
ပေးမလျောက်တာ သိပြီးလား"

"ဟွန်း"

" ကလေးသွားပြောမနေ နဲ့ကိုကိုတို့သွားကြ
မယ်"

ဂျိမ်းတို့ထွက်သွားသည့်နောက်သို့ ဗန်စီလိုက်
ကြည့်ကာနှုတ်ခမ်းအားဖိကိုက်ထားလိုက်သည်။

တစ်ဖက်တွင်...

"ဒီမွန် ကျတော်ကျောင်းပျက်တာ လနဲ့ချီနေပြီ"

"Aနိုင်ငံမှာပြောင်းတက်မလား ထရစ် နဲ့တူတူ
တက်ရတာပေါ့"

"ကောင်းသားဘဲ အဲ့ဒါ"

System Hobi (Completed)Where stories live. Discover now