အာဏာ သူ့မျက်နှာကိုထိုပုံစံမြင်လုပ်တိုင်း ရင်တွေခုန်လာသည်။
"အဆင်ပြေရဲ့လား "
"အင်း..."
နောက်ဆုံးအနေနဲ့ အနာက်ကပ်ခွာလေး ကပ်ပေးကာ ပြီးဆုံးသွားသည်။
ရောင်စဥ် က သူ့နှုတ်ခမ်းထောင့်လေးက အနာလေးကို လက်ညိုးထိုးပြသည်။
"ကိုကို...ဒီနား နာတယ် "
"ဆေးထည့်မလား "
"နှုတ်ခမ်း ကို ဆေးထည့်မှာလား.....ထည့်ချင်ဘူး "
"ဒါဆို ကိုကို ဘယ်လိုလုပ်ပေးရမလဲ "
"သိဘူးလေ....တစ်ခုခု လုပ်လေ "
အာဏာ က ရောင်စဥ်မျက်နာလေး အနားသို့ဖြည်းဖြည်းချင်းကပ်လာသည်။
ရောင်စဥ် နှလုံးသားတွေခုန်ကာ ပြုံးချင်မိသည်။ သူကျေနပ်နေသည်။
အနားသို့ကပ်ကာ ကိုကို နှုတ်ခမ်းလေးကနေ "ဖူး" ဆိုပြီး အနာလေးကို မှုတ်ပေးသည်။
တစ်ခါမှ ဒီလောက်အကြာကြီး ကိုကို မျက်နှာကိုအနီးကပ်မြင်ရမည်ဟုမထင်ထားခဲ့ပေ။
ကိုကိုက တဂယ်ချောတယ် အရမ်းချော တယ်မြင်ဖူးသမျှ အားလုံးထဲမှာမှ ကိုကိုက အချောဆုံးပေ။
ရောင်စဥ် စိတ်ကူးထဲမှာသာဆိုရင် အခုချိန် ကိုကိုနှုတ်ခမ်းကို ထိလိုက်မိပြီ။ လက်တွေ့မှာတော့မလုပ်ရဲပေ။ ကိုကို နှုတ်ခမ်းကိုထိချင်တယ်။
အာဏာ က ခွာလိုက်သည်။ ပြီးတော့ ရောင်စဥ် ဆံနွယ်တွေဆီ လက်ကရောက်သွားပြီး ဖွာပေးလိုက်ရင်း မေးသည်။
"ဘယ်လိုလဲနာသေးလား "
ခေါင်းလေးခါက ပြန်ဖြေသည်။
"ဟင့်အင်း...နာတော့ဘူး "
"ကောင်းတာပေါ့ "
ရောင်စဥ် က မျက်ဝန်းဝိုင်းသက်စက်လေးဖြင့်မေးသည်။
"ကိုကို နာမည်က.... "
"အခုထိ ကိုယ့်နာမည်ကိုမသိဘူးလား "
"ဘယ်သိမလဲ ကိုကို မှမပြောတာ "
"ဟုတ်သားပဲ..."
"ကိုကို နာမည်က မင်းအာဏာစက် "
"ဟင်...wow..ကိုကိုက ရှည်ပြီး မိုက်လိုက်တာ "
PART 4
Start from the beginning