"ဒါလင်~ ဗိုက်ဆာပြီလားဟင်?"

ရှုပ်ပွနေသည့်ဆံပင်များဖြင့်သရဲမသည်
သူမ၏တစစီအပိုင်းပိုင်းကွဲထွက်နေသည့်
ပုံပျက်ပန်းပျက်မျက်နှာအားရှုံ့တွရင်း
အပြုံးတစ်ခုအဖြစ်သို့ကူးပြောင်းလိုက်သည်။
သူမ၏သွေးများပြည့်နှက်နေသော
သွားဖုံးနှင့်သင်တုန်းဓားသဖွယ်
ချွန်မြသောသွားများသည်လည်း
ငမ်းငမ်းတက်ဆာလောင်မှုကြောင့်
ပွင့်ဟနေသည့်သူမ၏ပါးစပ်ထဲ၌
ထင်သာမြင်သာရှိလို့နေလေသည်။

!!!

တစ်ကိုယ်လုံးသိမ့်သိမ့်တုန်ရင်း၊
ယောင်းယီ၏မျက်နှာသည်
အရောင်လုံးဝမရှိတော့ပေ။
ခန္ဓာကိုယ်ထဲတွင်ရှိနေသောဆဲလ်များသည်
လည်းတစ်ခုမကျန်ထွက်ပြေးလွတ်မြောက်
ဖို့ရန်ပွက်ပွက်ညံနေခဲ့ပါသော်လည်း
ထွက်ပြေးစရာတစ်နေရာမှရှိမနေခဲ့ပေ။

ခွေးလည်ပတ်နှင့်ဆင်တူသည်
ချိန်းပတ်တစ်ခုသည်သူ၏လည်ပင်းအား
ရစ်ပတ်ထားပြီး၊ထိုချိန်းပတ်၏
အနောက်ဘက်ခြမ်းသည်
ကြိုးတစ်ကြိုးဖြင့်သူ၏ဘေးတွင်ရှိနေသော
သစ်သားစားပွဲခုံ၏ခြေထောက်၌
အချည်ခံထားရလေသည်။
အချည်ခံထားရသည့်အလျားသည်
အလွန်တိုလှသည့်အတွက်
ဆွဲဆန့်ဖို့ပင်မပြောနှင့်စားပွဲခုံပေါ်တွင်
ထိုင်လိုက်ရုံနှင့်တင်သူ့ကို
လည်ပင်းအစ်စေဖို့ရန်လုံလောက်သည်။

[Tofu:အခုလိုလည်ပတ်မျိုးဖြစ်မယ်လို့
ထင်ပါတယ်၊ဒါပေမဲ့တကယ့်
ခွေးလည်ပတ်အစစ်လည်းဖြစ်နိုင်ပါတယ်]

ရလဒ်အရတော့၊သူအနေဖြင့်အခြားရွေးချယ်စရာမရှိတော့ဘဲထမင်းစားခန်းထဲ၌အပိတ်ခံထားရသည်ကိုနာခံမှုရှိရှိဖြင့်နေနေဖို့ကိုသာတတ်နိုင်ပြီးသူ့ဘက်မှမရမကတွားသွားပြီးထွက်သွားမည်ဆိုလျှင်တောင်မှထွက်နိုင်ဖို့ရာလုံးဝမဖြစ်နိုင်ပေ။ပြောရမည်ဆိုလျှင်တော့အခုအခြေအနေနှင့်သာဆိုခွေ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ရလဒ်အရတော့၊သူအနေဖြင့်
အခြားရွေးချယ်စရာမရှိတော့ဘဲ
ထမင်းစားခန်းထဲ၌အပိတ်ခံထားရသည်ကို
နာခံမှုရှိရှိဖြင့်နေနေဖို့ကိုသာတတ်နိုင်ပြီး
သူ့ဘက်မှမရမကတွားသွားပြီး
ထွက်သွားမည်ဆိုလျှင်တောင်မှ
ထွက်နိုင်ဖို့ရာလုံးဝမဖြစ်နိုင်ပေ။
ပြောရမည်ဆိုလျှင်တော့
အခုအခြေအနေနှင့်သာဆို
ခွေးဖြစ်နေတာကမှပိုကောင်းအုန်းမည်။

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now