Whatever You Are (22)

ابدأ من البداية
                                    

ရိပေါ် စကားကြောင့် ကျိရန်က ဒေါသဖြစ်ပြီး

"ပြောစမ်းပါဦး မင်းဘဝက ဘာကိစ္စ ဇောက်ထိုးမိုးမျှော် ဖြစ်နေရတာလဲ ရှောင်းကျန့်က မိန်းကလေးမဟုတ်ဘဲ ယောကျ်ားလေး ဖြစ်နေတာ မင်းဘဝက ဘာကိစ္စ ဇောက်ထိုးမိုးမျှော် ဖြစ်ရတာလဲ"

ကျိရန်စကားကြောင့် ရိပေါ်က ရုတ်တရက် လန့်သွားသလို ယွီပင်းရော ဟွိုက်စန်းပါ အရမ်းအံ့ဩသွားကြပါတယ် ယွီပင်းက

"မင်းတို့ ဘာပြောလိုက်တယ် ရှောင်းကျန့်က ယောက်ျားလေး ဟုတ်လား"

ဟွိုက်စန်းက လည်း

" ငါတို့ကိုလည်း နားလည်အောင် ရှင်းပြကြပါဦး ရှင်းစရာကိစ္စရှိတယ်ဆိုပြီးဖုန်းဆက်ခေါ်လို့ ငါတို့လာခဲ့ရတာ ခုတော့ ဘာတွေ ဖြစ်ကုန်တာလဲ"

ဟောက်ရွှမ်းကဝင်ပြီး

"မနက်က ငါတို့ဆီ ရှောင်းကျန့်ရောက်လာတယ် ခါတိုင်းလို မိန်းမချောလေးလို မဟုတ်ဘူး ခပ်မိုက်မိုက် အကိုကြီးပုံစံနဲ့ကွာ ငါတို့တောင် မြင်ဖူးသလိုလိုပဲဆိုပြီး ကြောင်နေတုန်း ရှောင်းကျန့်ပါလို့ သူက ပြောလာတာ ငါတို့လည်း အရမ်းအံ့ဩတာပေါ့ကွာ သူယောက်ျားလေးမှန်းသိသွားလို့ ရိပေါ်က သူ့ကိုထားသွားတာတဲ့ အခုခရီးထွက်ရမှာမို့ ရိပေါ်ကို ဖတ်စေချင်တာနဲ့ရှင်းပြချင်တာလေးတွေရှိလို့ စာလာပေးသွားတာ အံ့ဩလွန်းလို့ ဘာမှတောင် ပြန်မပြောရသေးဘူး သူက ထွက်သွားပြီ ငါတို့ကို နောက်မှ အေးအေးဆေးဆေး ရှင်းပြမယ် လို့တော့ ပြောသွားတာ ဒါကြောင့် ငါတို့က ဒီကောင့်ကို လာပေးရင်း စာရင်းလာရှင်းတာ"

ဟောက်ရွှမ်းစကားအဆုံး ရိပေါ်က

" ဘာရှင်းစရာလိုလည်း မင်းတို့လည်း သိသွားပြီဆိုတော့ ငါ့လုပ်ရပ်ကို နားလည်ကြပြီမလား"

"နားမလည်ဘူး လုံးဝနားမလည်ဘူး သူက ယောကျ်ားလေးဆိုတာနဲ့ မင်းက ဘာကိစ္စ လမ်းခွဲရတာလဲ"

ကျိရန်က စိတ်ဆိုးဆိုးနဲ့ ဝင်ပြောတာပါ

"ဟေ့ကောင်တွေ ငါက Gay မဟုတ်ဘူး ယောကျ်ားလေးလည်းမကြိုက်ဘူး ငါ့ဘဝကို ငါ သဘာဝကျကျပဲ ငါဖြတ်သန်းချင်တာ သူ့ကြောင့်ငါ့မှာ ဘုမသိဘမသိ ယောကျာ်းလေးတစ်ယောက်ကို လက်ထပ်လိုက်ရတာလေ ပြီးတော့ ငါ့ကို နှစ်ပေါက်တစ်ပေါက် ရိုက်သွားတာ လက်ထပ်မယ်ဆိုတုန်းက ကလေးမွေးနိုင်တဲ့ မိန်းကလေး မဟုတ်ဘူးလို့ ငါ့ကို သေချာပြောသွားတာ အဲဒီကတည်းက ငါက ယောကျ်ားလေးဆို ပွဲပြတ်ပြီ ငါ့ကို လှည့်ပတ်ချင်သလို လိမ်ချင်တိုင်းလိမ်သွားတာလေ ငါလွန်တာလား သူလွန်တာလား မင်းတို့ပြော"

Whatever You Areحيث تعيش القصص. اكتشف الآن