"အမြဲအတူတူနေကြရအောင်လေနော်"
အမျိုးသား၏အသံသည်
နူးညံ့ညင်သာလှသည်မှာ
သူအနေဖြင့်သူငယ်ချင်းတစ်ဦးထံမှ
ကျိုးကြောင်းညီညွှတ်ဆီလျော်သည့်
တောင်းဆိုမှုတစ်ခုကိုမေးမြန်းနေသလိုမျိုးပင်။

ထိုစကားကိုကြားလိုက်ရသည့်အခါ၊
ယောင်းယီ၏လှပသော
မက်မွန်ပွင့်သဏ္ဋာန်မျက်လုံးများသည်
အချက်ပေးမှုကြောင့်ဝိုင်းစက်သွားခဲ့သည်။

လီး၊ဘာလို့  horror movie တွေထဲကလိုမျိုး
တစ်ထပ်တည်းဖြစ်နေရတာလဲ!?

တကယ်လို့သူသာသဘောတူလိုက်ပါက၊
သူအခုချက်ချင်းကိုသေခြင်းတရားနဲ့
အဆုံးသတ်သွားမှာမဟုတ်ဘူးလား?
အဆုံးမှာတော့ဘယ်လိုဘဲပြောပြော
ဝိဉာဉ်တစ်ကောင်နဲ့ထာဝရအတူတူ
ရှိနေနိုင်မဲ့နည်းလမ်းဆိုတာ
သေဆုံးခြင်းဆိုတဲ့လမ်းတစ်ခုဘဲရှိတာလေ၊
မဟုတ်ဘူးလား?!

ဒါပေမဲ့လည်း....တကယ်လို့သူ့ဘက်ကသာ
ငြင်းဆန်လိုက်ပါအကယ်၍
ယွင်းယူကသာတကယ့်ဝိဉာဉ်ဖြစ်နေခဲ့မယ်ဆို
သူငါးပါးမှောက်သွားနိုင်တယ်မဟုတ်ဘူးလား?

သူထိုကိစ္စကိုတွေးလေလေ၊
ပိုပြီးကြောက်လာလေဖြစ်သည်။
သရဲကားများစွာကိုကြည့်ရှုခဲ့သည့်
လူတစ်ယောက်ဖြစ်သည့်အလျောက်
ယောင်းယီ၏မြင်ယောင်မှုမြင်ကွင်းများ
သည်ယခုအခါကြောက်မက်ဖွယ်
သွေးသံတရဲရဲမြင်ကွင်းများဖြင့်
ပြည့်နှက်သွားခဲ့သည်။
သူအနေဖြင့်အလွန်ကြောက်ရွံနေခဲ့သည်မှာ
သူ၏နှလုံးနှင့်အသည်းပင်
သူ၏ပါးစပ်ပေါက်မှတဆင့်ခုန်ထွက်ကျ
လုနီးပါးဖြစ်နေခဲ့သည်။

သို့သော်လည်း၊သူ၏ပြင်းထန်လှသော
အသက်ရှင်သန်လိုစိတ်သည်
သူ၏အမူအရာများကို
မသိသာရုံလောက်သာ
ထိန်းချုပ်ထားနိုင်ခဲ့သည်။
ထို့နောက်ဖြူဖျော့နေသည့်မျက်နှာဖြင့်
လိမ်မာပါးနပ်စွာစကားဆိုလိုက်သည်။

"တကယ်တော့၊ကျွန်တော်ရာသီဥတုကြောင့်
အနည်းငယ်မအီမသာခံစားနေရတာမို့
အနားယူဖို့အတွက်ကျွန်တော့်အခန်းဆီ
အရင်ပြန်လို့ရမလား?"

ဘယ်တစ်ယောက်ကသရဲဖြစ်နေပါစေ
ကိစ္စမရှိပေ၊သူ၏ခေါင်းသည်
ပေါက်ထွက်မတတ်ဖြစ်နေခဲ့သည်။
ထို့ကြောင့်အရင်ဆုံးသူ့အတွက်သူ
အချိန်အချို့ယူပြီးမှဘာဆက်လုပ်သင့်လဲဆိုတာ
ကိုတွေးတာအကောင်းဆုံးဖြစ်မည်။

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now