အခန်းထဲဝယ် သီးသန့်ရှိနေသည့် အဝတ်လျှော်စက်ထဲသို့ အဝတ်များအကုန်ထည့်ကာလျှော်လိုက်သည်။

ပျော်ပျော်ကြီး ရေချိုးနေတော့သည်။

အာဏာ ရေကို ခေါင်းကနေစပြီး ရေဗန်းအောက်ဝယ် အချိန်တစ်ခုကြာ အောင်ရပ်ချိုးနေသည်။ ရေချိုးနေသည်ထက် သူ့လုပ်ရပ်တွေကို သူပြန်စစ်ဆေးနေသည်။
သူဘာဆက်လုပ်ရမလဲ။ သူဇာတ်လမ်း စလိုက်ပြီ။ အဆုံးသတ်နိုင်ပါ့မလား။ အမေကို ပေးတဲ့ကတိကရော။

အများကြီးတွေးရင်း....

အာဏာ တဘက်ကို ခါးဝယ် ပတ်ကာ အပေါ်ပိုင်းဗလာဖြင့်

မှန်ကိုကြည့်ကာ မျက်နှာကို ကိုယ်သေချာကြည့်နေမိသည်။

ဒီလိုနဲ့ အရှေ့ကတံခါးခေါက်သံကြောင့်
အာဏာ လှည့်ကြည့်ရင်း ဟိုကလေးပဲ လို့အတွေးလေးဖြင့်

တံခါးဖွင့်ပေးလိုက်သည်။

"အား....ကိုကို... "

သူက ကိုယ့်ကိုမြင်တော့ သူ့မျက်နှာလေးကို အုပ်ကာ အော်သည်။ ခုနက သေချာ
မမြင်ရသည်များကို အခုမြင်လိုက်ရတော့ ကြောက်ပြီအော်ပြန်သည်။

ခုနကပဲသူလိုက်ကြည့်နေပြီ အခုများ
ကြတော့အော်ပြန်သည်။

အာဏာ သူ့ကိုသေချာကြည့်လိုက်တော့ တဘက်ကြီးအား ရက်ဘက်ကနေပတ်ထားရာ ဖြူစင်ဝင်းပနေသည့် ပုခုံးလေးနှင့် ရင်ဘက်အပေါ်ပိုင်းဖြူဖြူလေး လှပလွန်းသည့် ညှပ်ရိုးလေးတွေ ကိုက်ချင်စရာ လည်တိုင်လေး က အာဏာကို ဖိတ်ခေါ်နေသည်။

ဖြူဝင်းပြီးသွယ်ကျနေသည့် ပေါင်တိုင်လေးမှ ခြေဖျားလေးတွေအထိ သက်ရှိအရုပ်မလေး ကျနေသည်။

"ရောင်စဥ် ဘာဖြစ်လို့လဲ "

ရောင်စဥ် ခေါင်းလေးမော့ကာ အာဏာကိုမြင်တော့ ပါးမို့မို့လေးကရဲတတ်ကာ

"ကိုကို...ရောင်စဥ် ဝတ်စရာမရှိလို့👉👈"

"ဟင်...."

"ရောင်စဥ် ရေချိုးရင်း အဝတ်တွေ လျှော်စက်နဲ့ လျှော်လိုက်မိပြီ 👉👈 "

အာဏာ သူ့အဝတ်ဗီရိုမှ အကျီနှင့် အောက်ခံဘောင်းဘီကို ထုတ်ကာ ယူလာသည်။

Sugar Daddy (or) Daddy ကကျွန်တော့်အပိုင်Where stories live. Discover now