Whatever You Are (21)

Start from the beginning
                                    

"အယ် ချောလိုက်တာ ခုလိုကြတော့ ဒီက အကိုကြီးက ယောက်ျားဆန်ဆန် ချောလှနေတာပဲ မိန်းကလေး လိုလေးလည်း လှ ယောက်ျားလေးလိုလည်း တမျိုးလှ အား..... ချောလိုက်တာ ချောလိုက်တာ"

ဆံပင်အရှည်ကြီးကို ညှပ်ချလိုက်ရတာမို့ လူက အရမ်းကို ပေါ့ပါးနေပါတယ် မဝတ်ချင်ပေမယ့် အခြေအနေအရ ဝတ်နေရတဲ့ အဝတ်အစားတွေ အားလုံးကို ဒီနေ့က စပြီး ဝတ်ချင်တာတွေ ဝတ်လို့ရပါပြီ အခုမှ လူမှန်နေရာမှန် ဘဝမှန် ကို ရတော့မှာပါ ကိုယ်ချစ်တဲ့သူတွေ ကိုယ့်နားမှာ မရှိတော့တာကလွဲရင် အားလုံး အဆင်ပြေနေပါပြီ အခု ညနေ ၅နာရီပဲရှိသေးတာမို့ တည်းခိုမည့် Hotel ကနေ Checkလုပ် ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး စောင့်နေလိုက်ပါတယ်

ညနေ ၆နာရီထိုးတော့ ရှေ့နေလာခေါ်တာမို့ သူ့နဲ့အတူတူ လိုက်လာခဲ့ပါတယ် ရှောင်းမိသားစုကြီး ကြီးကျယ်ခမ်းနားလှတဲ့ New Year Party Dinner ပေါ့ ဂုဏ်တွေ သိက္ခာတွေ မာနတွေနဲ့ အထက်တန်းလွှာတွေ လူတွေအများကြီးရှိသလို ရှောင်းမိသားစုတစ်ခုလုံးရဲ့ ဆွေစဉ်မျိုးဆက် ဆွေမျိုးစုတစ်ခုလုံးတက်ရောက်တဲ့ပွဲမို့ ခမ်းခမ်းနားနား နဲ့ လိုလေသေးမရှိအောင် ပြင်ဆင်ထားကြတာပေါ့ ဒီ Partyလေးတက်ရဖို့ မနည်းကို လုပ်ထားရတာ ဒီပွဲမှာ ချပြမှ ရမှာမို့ပါ နာမည်ကြီးမင်းသား မင်းသမီးတွေ အဆိုတော်တချို့ကိုလည်း ဖျော်ဖြေပေးဖို့ ဖိတ်ထားသလို တချို့ နာမည်ကြီး စီးပွါးရေးလုပ်ငန်းရှင်တွေနဲ့ ပွဲတက်Partner အဖြစ် ပါလာကြတာလည်း မြင်မိပါတယ်

နယူးပါတီအတွက် ရှောင်းမိသားစုရဲ့ နှုတ်ခွန်းဆက်သမှုနဲ့ အတူ ဖျော်ဖြေရေးအစီအစဉ်တွေ အကျွေးအမွေးတွေ နဲ့ ပါတီက တော်တော်လေး အသက်ဝင်လာပါတယ်

ည(၉)နာရီလောက်မှာ ရုတ်တရက် မီးအားလုံးပျက်သွားတာမို့ အားလုံးက ဟင်ကနဲ ဟာကနဲ ဖြစ်သွားပါတယ် မီးပြန်လင်းလာတဲ့အချိန် ရှောင်းကျန့်က ဖျော်ဖြေရေးစင်မြင့်ပေါ် မိုက်တစ်လုံးနဲ့ ရောက်ရှိလို့နေပါပြီ

"ကျွန်တော့်ကို လူကြီးမင်းတို့အားလုံးရဲ့ အချိန် (၁၅) မိနစ်ကို ရှောင်းမိသားစုနဲ့ ပတ်သက်တဲ့ အမှန်တရားတစ်ခုချပြဖို့အတွက် ခေတ္တခဏ ယူသုံးပါရစေ"

Whatever You AreWhere stories live. Discover now