Whatever You Are (20)

Comincia dall'inizio
                                    

ထင်တဲ့အတိုင်းပါပဲ သိပ်မကြာပါဘူး ကိုယ်တော်ချော ရိပေါ် ရောက်ချလာပါတယ် ကျန့်ကျန့်အပြုံးတွေ အရမ်းကြီးမခံဘူးရယ် ကိုယ်တော်ချောက တစ်ယောက်တည်းမဟုတ်ဘူး ကောင်မလေး ငယ်ငယ်ချောချောလေး ပါလာတာပါ

" ရှောင်းကျန့် ဒါ ကျွန်တော့်ရဲ့ ချစ်သူ ကောင်မလေးစစ်စစ် သူက ကျွန်တော့်လို Racer ပဲ ဒီတစ်ခါတော့ ကျွန်တော်သေချာရွေးထားတာ အရွေးမမှားတဲ့အကြောင်း ခင်ဗျားကို လာပြတာ"

ရိပေါ် စကားကြောင့် ဘေးက လုပ်ဖော်ကိုင်ဖက်တွေ တစ်မျိုးဖြစ်သွားကြပါတယ် ရိပေါ်နဲ့ ပြတ်သွားပြီ လို့ပြောတာ အမှန်ပဲပေါ့ ရိပေါ်က ရှောင်းကျန့်အပြင် နောက်ထပ်ကောင်မလေးတောင် ရသွားပြီပေါ့ ငယ်ငယ်ချောချောလေး ၂၀လောက်ပဲရှိဦးမှာ

ရှောင်းကျန့် အားတင်းပြီး

"ဝမ်းသာပါတယ် ရိပေါ် ကြုံတုန်းလည်း ငါမင်းကို ပြောလိုက်ပါရစေ မင်းကို ငါတောင်းပန်ပါတယ် ကျေးဇူးလည်း တင်ပါတယ်"

"မလိုပါဘူး"

" ချင်းညန် ဒါ အရင်တုန်းက ကိုယ့်ရဲ့ EX ကိုယ်မင်းကို ဘာမှ လျှို့ဝှက်မထားချင်တာကြောင့် မင်းနဲ့သူ့ကို လာမိတ်ဆက်ပေးတာ"

"အာ... ကိုကို ကလည်း မလိုပါဘူး ချင်းညန်က ဘာပဲဖြစ်ဖြစ်ရပါတယ်ဆို ကိုကို့အတိတ်ကို စိတ်မဝင်စားဘူး ကိုကိုပစ္စုပ္ပန်နဲ့ အနာဂတ်မှာ ချင်းညန်ပါရင် ပြီးတာပါပဲ"

ချင်းညန်ရဲ့ စကားအဆုံး ရိပေါ်

"ဪ တစ်ခါတည်း ပြောရဦးမယ် ခင်ဗျားကို ကျွန်တော်မချစ်တော့ဘူး အရင်က ချစ်တယ်လို့ ပြောခဲ့တဲ့ စကားလုံးတွေလည်း တစ်ခါတည်း အားလုံးရှေ့မှာ ကျွန်တော်ရုတ်သိမ်းတယ်"

ရိပေါ် စကားကြောင့် ဘေးက ရှောင်းကျန့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးအံ့ဩသွားကြပါတယ် ရုတ်တရက် ရှောင်းကျန့် လက်မြှောက်လိုက်တာကြောင့် ရိပေါ် ပါးချခံရပြီအထင်နဲ့ မျက်လုံးမှိတ် ခံယူလိုက်ပါတယ် ဒါပေမယ့် မထင်မှတ်စွာနဲ့ပဲ ရှောင်းကျန့်က ပါးချတာမဟုတ်ဘဲ ရိပေါ် ပါးလေးကို ကိုင်လိုက်တာပါ

Whatever You AreDove le storie prendono vita. Scoprilo ora