Shun သည် ဤမိသားစု၏ ကိစ္စများအား အတွင်းကျကျမသိသော်လည်း အပေါ်ယံနဲ့ပင် တွက်ချက်၍ရသည် ။ မြို့အရှင်မှာလဲ ချုပ်နှောင်ခံထားရသည့်အပြင် ဆက်ခံသူဖြစ်သည့် Ruff မရှိရာ ပြဿနာအားလုံးသည် Ruzel ၏ ခေါင်းပေါ်သို့ ကျရောက်နေ၏ ။ ယခု Genl ၏ သဘောက သူ့အား Ruzel ကို ခေါ်ပြီး ထွက်သွားပေးဖို့ ပြောနေသည်နဲ့တူနေသည် ။
ဒါပေါ့ သူက အရမ်း အရမ်းကို ဆန္ဒရှိတယ်လေ ... ဒါပေမဲ့ ပြဿနာက Ruzel သဘောတူမည်မဟုတ်ကြောင်းလည်း သူက လုံးဝသိနေသောကြောင့်ပင် ။
Shun က Genl အား လက်တစ်ဖက်ဖြင့် ထရန်ပြင်ပေးလိုက်ပြီး " အခြေအနေတွေ အကုန်လုံး မခြွင်းမချန်သိချင်တယ် .. " Shun ၏ အမှုအရာက တစ်ချက်လေးနက်သွားကာ
" မြို့အရှင်က ငါ့ကို ဘာကြောင့်တွေ့ချင်တာလဲဆိုတဲ့ အကြောင်းရောဘဲ .."
Genl ထံမှထွက်လာသည့်အချိန်တွင် Shun ၏ အမှုအရာ တမျိုးဖြစ်နေသော်လည်း ခနသာကြာလိုက်သည် ။ သူ့ခြေလှမ်းများက အခန်းတစ်ခုတွင် ရပ်တန့်သွားခဲ့၏ ။ တံခါးခေါက်လိုက်သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသောကြောင့် တိုက်ရိုက်ပင် ဖွင့်ဝင်လိုက်တော့သည် ။
ဝင်ဝင်ချင်းတွေ့လိုက်ရသည့်က စာလိပ်ပေါင်းစုံနဲ့ မှော်စကားလုံးများ ရေးမှတ်ထားသည့် စက္ကူအပိုင်းအစများစွာကိုပင် ။ သူ့ခြေထောက်ပေါ်သို့ တင်လာသည့် စာရွက်အပိုင်းအစများအား ခါချလိုက်ကာ အခန်းတွင်းသို့ ဝေ့ဝဲကြည့်လိုက်သည်။  စာရေးစားပွဲပေါ်တွင် စောင်းလျက် ငြိမ်သက်နေသည့် ကောင်လေးအား တွေ့လိုက်ရချိန်တွင် Shun ၏ မျက်နှာတွင် နူးညံ့သည့်အပြုံးလေးတစ်ခု ပေါ်လာခဲ့သည် ။
Ruzel သည် သူ့ကို မျက်လုံးပင်ဖွင့်မကြည့်ဘဲ တစ်ဖက်သို့ လှည့်သွား၏ ။ " ထွက်သွား ! "
မာထန်နေသည့် အသံထဲတွင် နာကျင်မှု တစ်စွန်းတစ်စကို တွေ့လိုက်ရသည့် Shun သည် အဘယ်မှာ ထွက်သွားနိုင်ပါမည်နည်း ။ သူက ခြေလှမ်းကျယ်ဖြင့် Ruzel ထံသို့ လျှောက်သွားလိုက်ပြီး စားပွဲဘေးတွင် ရပ်လိုက်သည် ။ သူ့လက်ချောင်းများက လှုပ်ရှားသွားကာ မျက်ခွံပေါ်တွင် ဖုံးအုပ်နေသည့် ဆံစများကို ဖယ်ရှားပေးလိုက်ပြီး " အရမ်းပင်ပန်းနေတာဘဲ.. အနားယူသင့်တယ် .."