အပြင်မှာ မိုးရွာနေတုန်းပဲ Maryက မိုးရေထဲမှာ Jayceရဲ့အိမ်ကနေ သူ့ဦးထုပ်နဲ့ ဆိုင်ကယ်ကိုယူပြီး ထွက်လာခဲ့တယ်။

Isidoreနှင့်Adeleသိသွားတဲ့ချိန် သူမက မိုးရွာထဲမှာထွက်သွားခဲ့ပြီးဖြစ်သည်။

Maryက သူ့အိမ်ကထွက်သွားတာကို သိလိုက်ချိန်မှာ Jayceက ကုမ္ပဏီကိုသွားနေတဲ့ လမ်းမှာပဲရှိသေးတယ်။

သူထွက်သွားပြီး သိပ်မကြာခင်မှာပဲ သူမ ထွက်သွားပုံရတယ်။

မိုးသည်းထန်စွာရွာနေချိန်မှာ သူမ ဆိုင်ကယ်စီးသွားတာကြောင့် မိုးမိမှာ သေချာတယ်လို့ အိ‌‌မ်တော်ထိန်းက ပြောသည်။

သူ့ကို စမ်းသပ်နေတာလား။

သူမကို လိုက်ရှာမလားလို့ စမ်းသပ်နေသလား။

"သခင်လေး လေဒီကို ရှာချင်လို့လား" ယာဉ်မောင်းက ကားကို လမ်းဘေးမှာ ရပ်ပြီး လှည့်မေးတယ်။

Jayceက ဒီကိစ္စကို သိပ်ပြီး မစဉ်းစားခဲ့ဘူး။ "ရုံးကို"

တက်ဘလက်ကို ကောက်ကိုင်လိုက်ပြီး စီးပွားရေးနဲ့ဆိုင်တဲ့ ကိစ္စတွေကို ကြည့်လိုက်သည်။

ဒါပေမယ့် သူ့မျက်ခုံးတွေကိုကြုတ်ထားပြီး သူ့ရင်ထဲမှာ မကျေနပ်မှုတွေ ပိုတိုးလာခဲ့တယ်။

သူမကို နစ်မြောမသွားစေဖို့အတွက် သူထွက်သွားတာက ကောင်းပါတယ်။

နောင်ကျ သူမရှေ့မှာ နည်းနည်းပဲ ပေါ်လာတာ သူ့အတွက် ပိုကောင်းတယ်လို့ ထင်တယ်။

* * * *

Maryက ဟိုတယ်ကို ရှာတွေ့ခဲ့တယ်။

သူမအရင်ရေချိုးလိုက်ပြီး အစားစာကို လာပို့ခိုင်းလိုက်တယ်။

အစာစားခါနီးမှာ တံခါးသံထွက်လာတယ်။

Maryက စိတ်ရှုပ်ထွေးစွာနဲ့ တံခါးကိုဖွင့်လိုက်တော့ တံခါးအပြင်ဘက်မှာရပ်နေတဲ့ Hugh Hallနဲ့ Herman Hallကို အံ့သြစွာတွေ့လိုက်တယ်။

"ဘာလို့ဒီကိုရောက်နေတာလဲ!?"

Hughသည် အေးတိအေးစက် အပြုံးဖြင့် သူမကို ကြည့်နေသည်။ "မင်းက ဘဝကိုပေါ့ပေါ့လေး ဖြတ်သန်းနေတာ ငါတွေ့တယ်။ ငါတို့ မင်းကို တကယ်ရှာချင်နေတယ်လို့များ ထင်နေတာလား။"

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now