🌟Part-20🌟

289 26 11
                                    

Part-20
[ Unicode ]

အား!!! ရူးချင်တော့တာပဲ။

ခေါင်းထဲမှာ ထိုအတွေးတခုတည်းက ကြီးစိုးနေလွန်းလို့ စိတ်တွေယောက်ယက်ခတ်နေခဲ့သည်...ခေါင်းကိုခါယမ်းကာ ဦးခေါင်းထက်က ဆံနွယ်ရှည်တို့ကို စိတ်မရှည်စွာဆွဲဖွပစ်လိုက်သည်...ရူးချင်တယ် တကယ်ရူးချင်နေတာ။ ဒီလိုအစိုးမရတဲ့စိတ်အခြေအနေတွေက သူနဲ့အမှတ်မထင်ဆုံမိခဲ့လို့ ဟန်ဆောဒီလိုတွေရုတ်တရက်မဖြစ်ဖူးတာတွေဖြစ်သွားခဲ့တာ။

အခုချိန် တခါတည်းလှည့်သာပြန်ပြေးပစ်ချင်တော့သည်...ဒါပေမဲ့ သူမသာ မပြောမဆိုနဲ့အိမ်ပြန်သွားခဲ့ရင် Byeol နဲ့အန်တီ့ကို အားနာစရာတွေဖြစ်ကုန်တော့မည်...ပြီးတော့ သူမအနေနဲ့ Byeolတို့အိမ်က ပြင်ဆင် ပေးသော ညစာအတွက်စားစရာရှိတာတွေလဲစားသောက်ခဲ့ပြီးပြီ ဒီအတိုင်းတော့လှည့်မပြန်ချင်...Byeol ကိုကတိပေးထားသည်က ရှိနေသေးသည်...
ဒီတည Byeol ရဲ့အိမ်မှာ သူမတညတာအိပ်စက်မည်ဆိုတာကိုပေါ့...Byeol ရဲ့မောင်လေးက သူဆိုတာ
မှန်းသိနေခဲ့ရင် အဲ့ကတိတွေ ပေးနေခဲ့မှာမဟုတ်...ဒါ့အပြင် ဒီအိမ်ကိုလဲ သူမလုံးဝလာခဲ့မှာ မဟုတ်ပေ။

Byeol က သူမကို ဧည့်သည်လိုသဘောထားနေတာမို့ သူမတို့တတွေ စားပြီးသမျှ ပန်းကန်တွေသန့်ရှင်းပေးပေးချင်သော်လဲ Byeol ကခွင့်မပြု။ အိမ်ထဲမှာလဲ အဲ့ကောင်လေးရဲ့မျက်နှာလှလှဆီကို အာရုံမထားသော်လဲ သူ့အလိုလို အာရုံရောက်နေတာမို့ သူမရဲ့စိတ်တွေမှာ ဘယ်လိုမှတားဆီးမရ...ရင်ခုန်သံတွေကမြန်ဆန်လွန်းနေကာ တကိုယ်လုံးလဲပူထူကာ မွန်းကျပ်နေခဲ့သည်။
ဒါ့ကြောင့်လဲ အိမ်အပြင်ဘက်ကိုထွက်လာခဲ့တာ။

Byeolတို့ အိမ်ရှေ့က ခုံတန်းလျားထက်မှာ တယောက်တည်း ငူငိုင်စွာ ထိုင်ရင်း အတွေးတွေများနေခိုက်
သူမရဲ့ လက်ဖမိုးလေးထက်ကို စိုစွတ်စွတ်အရာတခုက လာရောက်ထိကပ်သည်။

လူကရုတ်တရက်ဆိုတော့ လန့်ဖျပ်သွားပြီး ခုံပေါ်တင်ထားတဲ့ လက်ကို အလျှင်အမြန်ရုတ်သိမ်းလိုက်ကာ
သူမရဲ့ လက်ကို လာရောက်စိုစွတ်စေသော အရာကိုကြည့်လိုက်တော့ golden retriverခွေးလေးတစ်ကောင်ပါလား...အင်း Byeolတို့အိမ်မှာမွေးထားတဲ့ခွေးလေးထင်ပါရဲ့...ချစ်ဖို့ကောင်းလိုက်တာ သူမကို မော့ကြည့်နေတဲ့ မျက်ဝန်းလေးတွေကလဲ အရောင်တလဲ့လဲ့နှင့် ဒီခွေးလေးက အတော်လူကိုခင်တွယ်ပုံပင်...
ဟန်ဆောလို ဒီအိမ်ကမဟုတ်တဲ့ သူစိမ်းလူဆိုရင်တောင်မှပေါ့။

MY LIGHT [ Completed ]✅✅Where stories live. Discover now