🌟Part-26🌟

178 20 2
                                    

Part-26
[ Unicode ]


ခေါင်းအုံးကို မှီကာ နံရံကိုကျောကပ်ထားရင်း
ဂျုံဆောင်း မှေးစင်းနေမိသည်။ အတွေးအာရုံထဲမှာတော့ သူမရဲ့ပုံရိပ် သူမရဲ့အသံလေးတွေကို ကြားယောင်ရင်း လွမ်းစိတ်ကိုဖြေလျှော့ရသည်ပေါ့လေ။

အသက်ကိုခပ်ပြင်းပြင်းရှူထုတ်လိုက်ရင်း မျက်လုံးတို့ကို အသာအယာဖွင့်လိုက်သည်။ စားပွဲခုံပေါ်ထက်မှ သူတို့ရဲ့ နှစ်ယောက်တွဲဓါတ်ပုံလေးဆီသို့အကြည့်ရောက်မိပြန်တော့ အလွမ်းဓါတ်က ပိုဆိုးသည်။

ဂျုံဆောင်း သတိရလာသည့်နေ့ကတည်းက သူမကို ယနေ့အချိန်အထိမတွေ့မိပါချေ။ သူမေ့မြောနေစဉ်ကာလမှာတော့ သူမက သူ့အနားမှာ အချိန်တိုင်းနီးပါးအတူရှိနေပေးခဲ့ကာ သူ့ရဲ့ကျန်းမာရေးကိုအနီးကပ်ပြုစုပေးလွန်းသည်ဟု ကြီးမေပြောလာသော စကားအရ ဂျုံဆောင်းသိထားရသည်။သို့ပေမဲ့ သူသတိပြန်လည်လာသည့်အချိန်မှစ၍ သူမဟာ သူ့အနီးနားလေးကို အရိပ်လေး တစတစ်လေမျှတောင် ရောက်ရှိလာခြင်းမရှိပါ။

တွေ့ချင်သေးသည်...လိမ်ညာခဲ့တဲ့ အကြောင်းကိုလဲ ဖြေရှင်းချက်လေးပေးချင်သေးသည်...ပြီးတော့ သူ့အချစ်တွေကိုလဲ ဖွင့်ဟဝန်ခံချင်သေးသည်...သူ့ရဲ့ အမည်းစက်ကြောင့် သူမဘက်က ဂျုံဆောင်းအချစ်ကို လက်ခံပေးဖို့ အကြောင်းတစ်စုံတစ်ရာမျှမရှိဘူးဆိုတာကို ကြိုတင်တွက်ဆထားတာမို့ သူမဆီက ဘာအဖြေစကားကိုမှ မမျှော်လင့်ချင်တော့ပါ..သို့သော် ဂျုံဆောင်းရဲ့ ချစ်ခြင်းကိုတော့ နှလုံးအိမ်ထဲမှ တစ်ဦးတည်းသော သူမလေးကို အသိပေးချင်သေးသည်...

"Hyung!!""

အခန်းတံခါးဖွင့်ကာ ဝင်ရောက်လာသော ကောင်လေးတစ်ယောက်ရဲ့ အသံကြောင့် တံခါးဝဆီသို့ ဆတ်ခနဲလှည့်ကြည့်လိုက်သည်။

ထိုကောင်လေးက သူ့အနီးနားက ထိုင်ခုံမှာ ဝင်ထိုင်လာရင်း..

"ဆေးရုံဆင်းရတော့မှာဆို"

"အင်းဟုတ်တယ် သန်ဘက်ခါကျ အိမ်ပြန်ရတော့မှာ"

"ထိသွားတဲ့ ဒဏ်ရာတွေရော သက်သာရဲ့လား"

"အင်း"

"ခြေထောက်ကလဲ လျှပ်ထိသွားသေးတယ်မလား သက်သာရဲ့လား"

MY LIGHT [ Completed ]✅✅Där berättelser lever. Upptäck nu