🌟Part-2🌟

357 46 2
                                    

Part-2🌟
[Unicode]


နာကျင်စရာတွေ အလိုမကျမှုတွေနဲ့ပြည့်နှက်နေတဲ့
ပတ်ဂျုံဆောင်းဆိုတဲ့ကောင်လေးတယောက်ရဲ့ဘဝထဲကိုကံကောင်းခြင်းအလင်းတန်းလေးပေါ်ပေါက်လာခဲ့တဲ့ လွန်ခဲ့တဲ့ ငါးနှစ်အချိန်တွေတုန်းက~~~~~

➪➪➪➪➪➪➪➪➪➪➪➪




သူငယ်ချင်းတွေနဲ့ လည်ချင်းတိုင်းလည် လုပ်ချင်တိုင်းလုပ်နေသောဂျုံဆောင်း ညက နောက်ကျမှပြန်ရောက်တာကြောင့်  အခန်းထဲတွင် မနက်လင်းလို့နေ့လည်ရောက်ခါနီးအချိန်တွေထိပင် အိပ်မောကျနေလေသည်။

"တူလေးရေ...တူလေး အိပ်နေတုန်းပဲလား"

"ဗျာ...!!!"
အခန်းအပြင်ဘက်ခြမ်းမှ ဒေါ်ဒေါ်ကြီးရဲ့အော်ခေါ်သံကြောင့် အိပ်ယာမှမထပါသေးဘဲ အိပ်တဝက်နိုးတဝက်အသံဖြင့် အသံပြုလိုက်သည်။

"တံခါးလာဖွင့်ပေးဦး သား"

"ကျွန်တော် လော့မချထားဘူး ဝင်လာခဲ့လို့ရတယ်"

အခန်းထဲသို့ ဒေါ်ဒေါ်ကြီးရောက်လာတော့ အိပ်နေရာမှ ကုတင်ထက်ထထိုင်လိုက်ကာ ငွေမျှင်ရောင်ဆံစများကို လက်နှင့်ထိုးဖွလိုက်ကာ မပွင့်တပွင့်ဖြစ်နေသောမျက်လုံးများဖြင့် ဒေါ်ကြီးအားကြည့်ကာ စကားစသည်။

"ဒေါ်ကြီး ကျွန်တော့်ကို ဘာပြောမလို့လဲ ညကဟိုကောင်တွေနဲ့ အရမ်းသောက်ခဲ့လို့ ခေါင်းတွေနောက်နေတာ..အဲ့တာ ဆက်အိပ်ချင်သေးတယ်"

"မိသားစုစုံတုန်းလေး မနက်စာလာစားလေ သား"

"ဗျာ...ဘာလဲဟိုလူတွေရောက်နေတာလား"

"သား အဲ့လိုမပြောရဘူးလေ"

"ကျွန်တော့်ကို ဂရုမစိုက်တဲ့သူတွေကို အဖေ အမေလို့ခေါ်နေရဦးမှာလား"

"မင်းအထင်လွဲနေပီ ကလေးရယ် သူတို့ကသားရှေ့ရေးအတွက်ကြိုးစားပေးနေကြတာလေ...နားလည်ပေးလိုက်ပါကွယ်"

"သူတို့တောင် ကျွန်တော့်ခံစားချက်တွေကိုနားမလည်ပေးတာ ကျွန်တော်ကဘာကိုနားလည်ပေးနေရဦးမှာလဲ...သူတို့က ကျွန်တော်လိုချင်တာ ပိုက်ဆံလို့ပဲထင်နေကြတာ...ကျွန်တော်က သူတို့ဆီက နွေးထွေးမှုလိုချင်တာ...ဘယ်မှာလဲ နွေးထွေးမှု??? အချိန်တန်ရင် ပိုက်ဆံပဲလာပေးနေကြတယ် ကျွန်တော်ကအဲ့ပိုက်ဆံတွေဘာလုပ်ရမှာလဲ"

MY LIGHT [ Completed ]✅✅Where stories live. Discover now