🌟Part-10🌟

223 35 15
                                    

Part-10
[Unicode]


"သမီးရေ... မောင်လေးကို မနက်စာစားဖို့သွားခေါ်လိုက်ပါဦး.. အဲ့ကောင်လေးကလဲ မနက်စာကိုသူကိုတိုင်ပြင်သွားပီး စားသောက်ခါနီးကျသူကဘယ်ရောက်သွားလဲမသိဘူး"

"ဟုတ်မေမေ... သမီးသွားခေါ်လိုက်ပါ့မယ်... ဘယ်မှတော့မသွားလောက်ပါဘူး သူ့အခန်းထဲမှာပဲနေမှာပါ"

Byeol မသိမသာတံထွေးမြိုချရင်း သူမမောင်လေးအခန်းဆီသို့ ခြေလှမ်းတွေကတုံ့နှေးစွာလျှောက်လို့နေသည်။ သူမလုပ်ထားသော အပြစ်ကိုသူမသာသိသည်။ မနေ့ညက ကိစ္စကြောင့်ထင်ပါရဲ့ Jake က သူမကို ညတည်းကခုချိန်ထိတရှောင်ရှောင်နှင့် စကားအကောင်းမပြောတာကြောင့် Byeol နေရခက်နေသည်။ Jay oppa က အမေ့ကိုရော Jake ကိုပါ သေချာရှင်းပြပေးသွားသည်...သို့ပေမဲ့ Jake ကတော့ ကျေနပ်မည့်ပုံမပေါ်... သူမမောင်ငယ်အကြောင်း သူမအသိဆုံး... စိတ်ကလက်တဆစ်နှင့် သူ့ဒေါသက နဲနဲနောနောမဟုတ်။

"Fighting!!! အွန်းဗြောလ်... အငယ်ကောင်စိတ်ဆိုးလဲ ကျေနပ်တဲ့ထိချော့တာပေါ့... မကြောက်နဲ့"

Jake အခန်းရှေ့နားမတ်တပ်ရပ်ကာ ကိုယ့်ကိုကိုယ် အားပေးစကားပြောနေတဲ့ Byeol ။ ထို့နောက် တံခါးက်ိုခေါက်လိုက်ကာ အသံပြုလိုက်သည်။

"Jake... မောင်လေးရေ... အမပါ။ ဝင်ခဲ့မယ်နော်"

ခွင့်တောင်းပီးပီမို့ သူ့အခန်းထဲဝင်လာလိုက်တော့ Byeol လက် ဆောင့်ဆွဲခြင်းခံလိုက်ရပီး Jake ခေါ်ဆောင်ရာနေရာဆီသို့အနောက်ကနေလိုက်ပါလာသည်... Jake ရဲ့ဦးတည်ရာနေရာအဆုံးက ကုတင်ဆီ...
Byeol အား ဆွဲခေါ်လာခဲ့ပီး ကုတင်ပေါ်ထိုင်စေလိုက်ပီးသည့်နောက် Jake သူ့အစ်မရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။

" ဘာလုပ်မလို့လဲ ငါ့မောင်... မေမေက မနက်စာစားဖို့လာခေါ်ခိုင်းလိုက်တယ်"

"ကျွန်တော်သိတယ်"

"သိရင်လာလေ"

Byeol ထသွားရန်ပြင်လိုက်တော့ Jake က
သူမလက်ကို မသွားစေဖို့ဆွဲကိုင်လိုက်သည်။

"ဘာတွေလောနေတာလဲ Noona... ကျွန်တော် ပြောပြစရာရှိလို့"

"အင်း ပြော"

MY LIGHT [ Completed ]✅✅Where stories live. Discover now